မြန်မာပြည်က အကြမ်းဖက်မှုတွေရပ်ပြီး ဒီမိုကရေစီပြန်ဖော်ဆောင်ဖို့ သမ္မတဂျိုးဘိုင်ဒင်ပြော

အကြမ်းဖက်မှုတွေရပ်ပြီး ဒီမိုကရေစီပြန်ဖော်ဆောင်ဖို့ သမ္မတဂျိုးဘိုင်ဒင်ပြော
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မြန်မာပြည်မှာ စစ်တပ်ကအာဏာသိမ်းတာ ကြောက်စရာကောင်း တဲ့ အကြမ်းဖက်မှုဖြစ်တယ်လို့ မနေ့ကကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြောဆိုလိုက်ပြီး ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

စစ်တပ်အာဏာ သိမ်းထားတဲ့အတွက် အထူးစိုးရိမ်ပူပန်တဲ့အကြောင်းနဲ့ အကြမ်းဖက် ဖိနှိပ်နေတာတွေ ချက်ချင်းရပ်ဖို့၊ ဖမ်းဆီးထောင်ချတရားစွဲထားတဲ့သူတွေကို ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းဖို့ကိုလည်း သမ္မတဘိုင်ဒင်က တောင်းဆိုလိုက်ပါတယ်။

ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံကလွဲလို့ တခြားအာဆီယံနိုင်ငံ ၉ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်နေပြီး အာဆီယံနဲ့မိတ်ဖက် အမေရိကန်၊ တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။
– Unicode

– Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *