KG +၉ထိ ကျောင်းပညာရေးကို နိူင်ငံတော်ကအဆင့်မှီမှီတာဝန်ယူသွားရန်ရှိကြောင်း စစ်ကောင်စီပြော

KG + 9 အထိ နိုင်ငံတော်အစိုးရက တာဝန်ယူ ဆောင်ရွက် ပေးရန်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်ပြောကြား

ယမန်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁) အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပညာရေးနှင့် ပတ်သက်၍ KG + 9 အထိ

နိုင်ငံတော်အစိုးရက တာဝန်ယူ ဆောင်ရွက် ပေးရန်ရှိ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့်လည်း စာသင်ကျောင်း များကို အဆင့်မီအောင် ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့သည်။

မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပညာရေးနှင့် ပတ်သက်၍ KG + 9 အထိ နိုင်ငံတော်အစိုးရက တာဝန်ယူ ဆောင်ရွက် ပေးရန်ရှိ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့်လည်း စာသင်ကျောင်း များကို အဆင့်မီအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာများ အပြည့်အဝခန့်ထားနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နယ်စပ်ဒေသနှင့် ဝေးလံခေါင်သီဒေသများရှိ အခြေခံပညာ ကျောင်းသားကျောင်းသူများ အမှန်တကယ် စာတတ်မြောက်အောင်

လေ့ကျင့်သင်ကြားပေးရန် လိုကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမများ အနေဖြင့် ကလေးများ အမှန်တကယ် နားလည်တတ်ကျွမ်းမှု ရရှိစေရေး သင်ကြားပေးရန်လည်း လိုကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် အရည်အချင်း ပြည့်ဝသည့် ပညာရေးဝန်ထမ်းများကို လေ့ကျင့်မွေးထုတ် သွားရန်လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော် တည်ဆောက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်သည် အရေးကြီး ကြောင်း၊ သိပ္ပံဘာသာရပ်တွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာပညာရှင်များ အရေးကြီးသကဲ့သို့ စီးပွားရေးနှင့် ဥပဒေ ပညာရှင်များလည်း လေ့ကျင့်မွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် ကျေးလက်စီးပွားရေးမြှင့်တင်ပေးရန်အတွက်

စိုက်ပျိုးမွေးမြူ ရေး ပညာရှင်များ လိုအပ်ကြောင်း၊ နိုင်ငံရပ်ခြားသို့ ပညာတော်သင်များ များစွာစေလွှတ် နိုင်ပါက နိုင်ငံတော်အတွက် အကျိုးရှိကြောင်း၊ ပညာတော်သင်များကို နေရာချထားရာ တွင်လည်း တတ်မြောက်ထားသည့် ပညာရပ်နှင့်ကိုက်ညီသည့် လုပ်ငန်းများတွင် လူမှန်၊ နေရာမှန် တာဝန်ပေး နေရာချထားရန် လိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အခြေခံပညာရေးနှင့် ပတ်သက်၍ NLD အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သော သင်ရိုးသစ်များသည် မြန်မာစာပေကို စနစ်တကျဖျက်ဆီးထားခြင်း၊ ကလေးငယ်များ အမှန်တကယ် တတ်မြောက်ရေးအတွက် အထောက်အကူမပြုခြင်း၊ အခြေခံပညာသင်ကျောင်းသားများနှင့် မလျော်ကန်သော ပြဋ္ဌာန်းချက်များ ပါဝင်နေသည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း နစက အစိုးရလက်ထက်တွင် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း မရှိသေးပေ။

Leave a Reply

Your email address will not be published. Required fields are marked *