ရန်ကုန် လှိုင်သာယာမြို့နယ်တွင် အာကျယ်အာကျယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ယနေ့ညတွင်သေနတ်နဲ့ ပစ်ခတ်ခံရပြန်

Unicode:

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၈)ရပ်ကွက်၊ အောင်ဆန်းသူရိယလမ်းတွင် ဒီကနေ့အောက်တိုဘာ (၂၆)ရက် ညနေ (၆:၅၀)အချိန်ခန့်က အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်ခံရသူသည် ရာအိမ်မှူး ဦးဘိုနီ ဆိုသူဖြစ်ပြီး ၎င်း၏ နေအိမ်ရှေ့မှာတင် သေနတ်နဲ့ နှစ်ချက် ပစ်ခံရခြင်းဖြစ်ကြောင်းသိရသည်။

“သူ့အိမ်ရှေ့မှာထိုင်နေတုန်းပစ်ခံရတာ သွေးတွေကိုအိုင်နေတာပဲ ဘယ်သူမှလည်း မကြည့်ရဲဖူး စစ်တပ်ကလာရင် အကုန်ပတ်ရမ်း ပတ်ဖမ်းမှာဆိုးလို့ အိမ်ကိုအမြန်ပြန်လာခဲ့တာ သေလား ရှင်းလာတော့မသိဖူး သွေးတွေကတော့အတော်လေးများတယ် ထိုင်နေတာဆိုတော့ ပစ်တဲ့ ၂ ချက်လုံးထိသွားတာ” ဟု အနီးနားရောက်ရှိနေခဲ့သူတစ်ဦးကဆိုပါသည်။

ပစ်ခတ်ခံရပြီးနောက် စစ်တပ်နဲ့ရဲများရောက်ရှိလာခါ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ပစ်ခတ်ခံရသူအား ဆေးရုံကားဖြင့် အရေးပေါ်ခေါ်ဆောင်သွားကြောင်းသိရှိရပါသည်။ ၎င်းပတ်ခတ်မှုနဲ့ပတ်သက်ပြီး မည်သူအဖွဲ့အစည်းကလုပ်ဆောင်ခဲ့ကြောင်းကိုတော့ မသိရှိရသေးပါဘူး။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *