NUGက ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်သင်တန်းတွေ စတင်ပေး

NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်သင်တန်းတွေ စတင်ပေးလာ

NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ စစ်ပညာသင်တန်းတွေ စတင်ပေးလာတာကို တွေ့ရပါတယ်။

စစ်ရေးလှုပ်ရှားမှုကင်းထောက်တဲ့ ဒရုန်းအသုံးပြုနည်းတွေ သင်တန်းပေးနေသလို အခြေခံစစ်နည်းဗျူဟာသင်တန်းတွေပါ ပို့ချသင်ကြားပေးလာတာဖြစ်ပါတယ်။

NUG အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ အခြခံစစ်နည်းဗျူဟာသင်တန်း တစ်ခုကို ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ပို့ချသင်ကြားပေးခဲ့ပြီး အောက်တိုဘာ ၂၄ရက်က သင်တန်းဆင်းပွဲလုပ်ခဲ့တယ်လို့ ဒီးမော့ဆို PDF ဆီကသိရပါတယ်။

အဲဒီသင်တန်းမှာ ဒီးမော့ဆို PDF တပ်ရင်း ( I ) က ရဲဘော်တွေ တက်ရောက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်သည်အထိ တိုက်ထုတ်နိုင်ဖို့ ကြိုးစားမယ်လို့ ဒီးမော့ဆို PDF က ပြောပါတယ်။

ဒီးမော့ဆို PDF တပ်ရင်း ( i ) တပ်ဖွဲ၀င်ရဲဘော်တွေအတွက် လိုအပ်နေတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကိုလည်း လူထုအနေနဲ့ ကူညီပေးနိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒီးမော့ဆို PDF ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်၊ ဖက်ဒရယ်တပ်မတော် အမြုတေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေနဲ့လှုပ်ရှားတဲ့ ဒေသ PDF တစ်ခုဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published.