အာဆီယံ အနုတ် ၁ ထိပ်သီးအစည်းအဝေး စတင်၊ ခေါင်းဆောင်များ မြန်မာကို အပြင်းအထန် ဝေဖန်

Unicode:

မြန်မာကိုယ်စားပြုသူ မပါဝင်တဲ့ ၃၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်း အဝေး စတင်လိုက်ပြီ ဖြစ်ပြီး မြန်မာ စစ်ကောင်စီ ခေါင်းဆောင် ကတော့ တက်ခွင့် မရတဲ့ အတွက် ပြစ်တင် ပြောဆို နေပါတယ်။

မြန်မာ မပါဝင် တဲ့ အတွက် အခြေအနေဟာ ASEAN minus one – အာဆီယံ အနုတ် ၁ ဖြစ်နေပြီး ဒါဟာ အာဆီယံကြောင့် မဟုတ်ဘဲ မြန်မာကြောင့် ဖြစ်ရ တာလို့ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆင် ကပြောပါသည်။

‘’ ဒီကနေ့… အာဆီယံ ဘောင်ထဲ ကနေ မြန်မာကို ထုတ်ပယ်ခဲ့တာ မဟုတ်ပါဘူး… အခွင့်အရေးကို မြန်မာက စွန့်ခဲ့တာပါ..’’ လို့ မစ္စတာ ဟွန်ဆင် က ပြောပါသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi ကလည်း အာဆီယံမှာ မြန်မာအတွက် နေရာလွတ်ရှိကြောင်း ဒါပေမယ့် မြန်မာဘက်က မတက်ရောက်ဖို့ ရွေးချယ်ခဲ့တာလို့ ပြောပါသည်။

‘’ နိုင်ငံရေး မပတ်သက်တဲ့ မြန်မာ ကိုယ်စားလှယ် ဖိတ်ကြားဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့ ဆောင်ရွက်ချက်ပါ… ဒါကို မြန်မာက လုပ်ဆောင် ရမှာပါ..’’ လို့လည်း မစ္စစ် Marsudi ကပြောပါသည်။

‘’သမ္မတ (ဂျိုကိုဝီဒိုဒို) က ဝင်မစွက်ဖက်ရေး စည်းမျဥ်းစည်းကမ်းတွေကို လေးစား လိုက်နာဖို့ အရေးကြီးကြောင်း… သတိပေးခဲ့ပါတယ်… ဒါပေမယ့်လည်း တဘက်မှာ ကျွန်မတို့ အနေနဲ့ တခြား စည်းကမ်းတွေကို ထောက်ခံအားပေးရမယ်… ဒီမိုကရေစီ… အစိုးရကောင်း… လူ့အခွင့်အရေး လေးစားဖို့… အခြေခံဥပ‌ဒေအရ အုပ်ချုပ်တဲ့ အစိုးရ… ဒါတွေကို ထည့်တွက် ရမယ်…’’ လို့ လည်း ပြောပါတယ်။

ထိုင်၊းမြန်မာနဲ့ အနီးစပ်ဆုံး ဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယု ချန်အိုချာ ကတောင် မြန်မာနဲ့ ပတ်သက်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြီးမြောက်အောင် အကောင်အထည်ဖေါ် ဆောင်ရွက်ဖို့ မြန်မာကို တိုက်တွန်းထားပါသည်။

ဒါဟာ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို စမ်းသပ်ရာရောက်ကြောင်း၊ အာဆီယံ ဂုဏ်သိက္ခာ အတွက် အင်မတန်မှ အရေးကြီးကြောင်း ပစ္စတာ ပရာယုက ပြောပါတယ်။

‘’ ဒီအခြေအနေကို ဖြေရှင်းရာမှာ အာဆီယံရဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍဟာ အလွန်တရာမှ အရေးကြီးပါတယ်… အာဆီယံ ကို ယုံကြည်အားထား နိုင်ဖို့ ကျွန်တော်တိုရဲ့ လုပ်ဆောင်နိုင်မှုကို နိုင်ငံတကာက ကြည့်နေမှာ ဖြစ်ပါတယ်…’’ မစ္စတာ ပရာယုက ပြောကြားထားပါသည်။

မစ္စတာ ပရာယုက ဆက်ပြောရာမှာ မြန်မာစစ်ကောင်စီ အနေနဲ့ အာဆီယံရဲ့ ရည်ရွယ်ချက်တွေ အပေါ် ယုံကြည်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း၊ အာဆီယံ ကိုယ်စားလှယ်လည်း မကြာခင် မြန်မာကို သွားရောက်နိုင်ပြီး ယုံကြည်မှု့ တည်ဆောက်ရေး လုပ်ငန်း စဥ်အတွက် အရေးကြီးတဲ့ ပထမ ခြေလှမ်း ကို စတင်နိုင်မှာပါလို့ ပြောပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *