မုံရွာမြို့ပေါ် ဆည်မြောင်းရုံးနှင့်ရဲမှူးကြီးကားကို မဟာမိတ်၄ဖွဲ့က ရှော့တိုက်ဒုံး၊ အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီး၊ စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရ

Unicode:

စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်ရှိ ဆည်မြောင်းရုံးနှင့် ရဲမှူးကြီးတစ်ဦး၏ ကားကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်အချိန် မဟာမိတ်၄ဖွဲ့က ရှော့တိုက်ဒုန်း၊ အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့လိုက်သဖြင့် စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

မုံရွာမြို့ ကျောက္ကာလမ်း မုံရွာတက္ကသိုလ်နှင့်သန်းကုဋေအောင်ဆီဆိုင်အနီးတွင်ရှိနေသည့် ရဲမှုးကြီး၏ဂျစ်ကားတစ်စီးကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး ဂျစ်ကားမှာ အစိတ်စိတ်အမွှာမွှာ ကြေမွပျက်ဆီးသွားကြောင်း သိရှိရသည်။

မုံရွာမြို့၊ဆည်မြောင်းရုံးကို PDF-South Monywa ၊ Monywa Night King ၊ Monywa Heroes Group ၊ Monywa UG Group တို့က ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ရဲတပ်သားတစ်ဦး လက်မောင်းစုတ်ပြတ်ဒဏ်ရာရရှိခဲ့ပြီး ဆည် မြောင်းရုံးအတွင်းမှ သေနတ်ပစ်ဖောက်ခြောက်လှန့်နေကြောင်း သိရှိရသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *