ဖေဖေဆုံးတုန်းက သမီးဘာမှမတတ်နိုင် ဘာမှမလုပ်နိုင်ခဲ့ဘူး

၃ လတောင်ရှိပြီ ဖေဖေနေ့တိုင်းပဲ ပိုပို သတိရမိတယ်…ဖေဖေဆုံးတုန်းကလဲ သမီးဘာမှမတတ်နိုင် ဘာမှမလုပ်နိုင်ခဲ့ဘူး ၁ လပြည့်တော့လဲ ဘာမှမလုပ်နိုင်၂ လပြည့်လဲ ဘာမှမလုပ်နိုင်ခဲ့အခု ၃ လပြည့်လဲ သမီးဘာမှမလုပ်နိုင်ပြန်ဘူး ဖေမိသားစုဝင်တွေနဲ့ နီးစပ်ရာ ချစ်ခင်သူတွေရဲ့ အဖေ့အတွက် ရည်စူးတဲ့ အလှူတွေကိုပဲ အမျှဝေ သာဓုခေါ်နိုင်ပါတယ်…

ဝမ်းနည်းရတယ်…စိတ်တွေ သိပ်ပင်ပန်း နွမ်းနယ်လာလေ ဖေ့ကို ပိုပိုသတိရ လွမ်းမိလေပါပဲ…သမီးလျှောက်နေရတဲ့ ခရီးက နဲနဲရှည်တော့ လမ်းမှာ လဲကျတာတော့ ခဏ ခဏပဲ…
ကိုယ်တိုင် ခြေချော်လဲလို့ လဲကျတာနဲ့ ၊ အခြားအရာတွေနဲ့ တိုက်မိလို့ ချော်လဲတာနဲ့ ၊ လဲကျစေတဲ့ အရာတွေနဲ့တွေ့လို့ လဲကျရတာနဲ့ မျိုးစုံပါပဲ ဖေရယ်…

ဖေ့ရဲ့ ဆုံးမ စကားတခုကို အမြဲ မှတ်သားထားပါတယ်…အလုပ်တခုကို မလုပ်ချင်ရင် အစကတည်းက ဘာမှမလုပ်နဲ့ …အေး လုပ်ပြီဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ဘယ်လိုအခက်အခဲပဲ တွေ့တွေ့ နောက်မဆုတ်နဲ့ အကောင်းဆုံးနဲ့ အဆုံးထိ လုပ်…

အလုပ်တိုင်းမှာ အခက်အခဲဆိုတာ ရှိတာပဲ…
အခက်အခဲတိုင်းကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှ တကယ်အရည်အချင်းရှိသူဖြစ်မှာတဲ့…သမီးကြိုးစားနိုင်တာထက် ပိုကြိုးစားနေပါတယ်…အတိုင်းမသိအောင်လွမ်းရပါတယ် ဖေရယ်…

26 October 2021

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *