မြန်မာပြည်ရဲ့အစောဆုံးအမျိူးသမီးပြောက်ကျားတပ်ဖွဲ့

မြန်မာနိုင်ငံ၏ပထမဆုံး အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖြစ် မြောင်မြို့နယ်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့(MWW)ကို ဖွဲ့စည်းထားကြောင်း၂၀၂၁ခုနှစ်အေက်တိုဘာလ(၂၆)ရက်နေ့တွင် ပုံရိပ်များနှင့်အတူပြည်သူများအား MWW ကထုတ်ပြန်အသိပေးလာသည်။

“ကျွန်မတို့အဖွဲ့အမည်ကို Myaung Women Warriors -MWW လို့ အမည်ပေးထားပါတယ်။မြန်မာလိုဆိုရင်တော့ အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ပေါ့ရှင်။ ကျွန်မတို့သည် အမျိုးသမီးများဖြစ်သည်။မှန်၏။ ပုခက်လွှဲသောလက်များလည်းဖြစ်သည်။မှန်ပါသည်။ထို့အပြင်အာဏာရှင်ကိုတော်လှန်နေသော အမျိုးသမီးများလည်းဖြစ်ကြပါသည်။”ဟု မြောင်မြို့နယ်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ ဖော်ပြထားသည်။

၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ(၁)ရက်နေ့ကစပြီး အာဏာသိမ်းစစ်တပ်ကို အမျိုးသမီးထုကသပိတ်စစ်ကြောင်းများစွာဖြင့် ကျားမတန်းတူသပိတ်မှောက်ခြင်းကိုစတင်ခဲ့ပြီး ယခုအခါမှာ လက်ကိုင်တိုက်ပွဲဝင်ရန်ပြင်ဆင်နေသည့် အမျိုးသမီးများဖြစ်လာခဲ့ပြီး MWWအဖွဲ့သည် အမျိုးသမီးများဖြင့်ဖွဲစည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်းဖော်ပြထားသည်။

အာဏာသိမ်းခြင်းကိုလက်မခံနိုင်သည့် အမျိုးသမီးများသည် အမျိုးသားများနှင့် နည်းတူတန်းတူအာဏာရှင်ကိုတော်လှန်သည့်နေရာတွင် အင်အားအပြည့်ပါဝင်သွားမည်ဖြစ်ပြီး စစ်မှန်သောဖက်ဒရယ်ဒီမိုက‌ရေစီ နိုင်ငံတော်သစ်တစ်ရပ်ပေါ်ပေါက်လာ‌ရေးအတွက် စွမ်းစွမ်းတမံပါဝင်ဖြစ်ကြောင်းအသိပေးထားသည်။

Zawgyi/

မြန်မာနိုင်ငံ၏ပထမဆုံး အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖြစ် မြောင်မြို့နယ်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့(MWW)ကို ဖွဲ့စည်းထားကြောင်း၂၀၂၁ခုနှစ်အေက်တိုဘာလ(၂၆)ရက်နေ့တွင် ပုံရိပ်များနှင့်အတူပြည်သူများအား MWW ကထုတ်ပြန်အသိပေးလာသည်။

“ကျွန်မတို့အဖွဲ့အမည်ကို Myaung Women Warriors -MWW လို့ အမည်ပေးထားပါတယ်။မြန်မာလိုဆိုရင်တော့ အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ပေါ့ရှင်။ကျွန်မတို့သည် အမျိုးသမီးများဖြစ်သည်။မှန်၏။ ပုခက်လွှဲသောလက်များလည်းဖြစ်သည်။ မှန်ပါသည် ။ထို့အပြင်အာဏာရှင်ကိုတော်လှန်နေသော အမျိုးသမီးများလည်းဖြစ်ကြပါသည်။”ဟု မြောင်မြို့နယ်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ဖော်ပြထားသည်။

၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ(၁)ရက်နေ့ကစပြီး အာဏာသိမ်းစစ်တပ်ကို အမျိုးသမီးထုကသပိတ်စစ်ကြောင်းများစွာဖြင့် ကျားမတန်းတူသပိတ်မှောက်ခြင်းကိုစတင်ခဲ့ပြီး ယခုအခါမှာ လက်ကိုင်တိုက်ပွဲဝင်ရန် ပြင်ဆင်နေသည့်အမျိုးသမီးများဖြစ်လာခဲ့ပြီး MWWအဖွဲ့သည်အမျိုးသမီးများဖြင့် ဖွဲစည်းထားသည့်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်းဖော်ပြထားသည်။

အာဏာသိမ်းခြင်းကိုလက်မခံနိုင်သည့် အမျိုးသမီးများသည် အမျိုးသားများနှင့် နည်းတူ တန်းတူ အာဏာရှင်ကိုတော်လှန်သည့်နေရာတွင် အင်အားအပြည့်ပါဝင်သွားမည်ဖြစ်ပြီး စစ်မှန်သောဖက်ဒရယ်ဒီမိုက‌ရေစီနိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက်လာ‌ရေးအတွက် စွမ်းစွမ်းတမံပါဝင်ဖြစ်ကြောင်းအသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *