လူ့အသိုင်းအဝိုင်းကို ပညာနှင့် တည်ဆောက်ရမှာဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုသည် အဓိကကျပြီး ပညာရေးကဏ္ဍသည်လည်း
အရေးကြီးပါကြောင်း၊ နိုင်ငံတော်မူဝါဒတွင်လည်း ပညာရေးကို ဦးစား ပေးပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။
ယမန်နေ့နံနက်ပိုင်းတွင် Generic Social Work သင်တန်းဖွင့်ပွဲအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည် ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ခြင်းဖြစ်သည်။
လူ့အသိုင်းအဝိုင်းကို ပညာနှင့် တည်ဆောက်ရမှာဖြစ်ပါကြောင်း၊ စာတွေ့၊ လက်တွေ့ (၂) ခုပေါင်းမှသာ ပြည့်စုံမှာဖြစ်တဲ့အတွက် ပညာတတ်သူနှင့် လက်တွေ့လုပ်ဆောင်သူတို့ ပေါင်းစပ်ထားတဲ့ Scholar Practit ioner ဆိုတဲ့
Concept နဲ့ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ လူတစ်ဦးချင်းစီက Scholar Practitioner မဖြစ်လျှင် Team အနေနဲ့ Scholar Practitioner ဖြစ်နေရမှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။
၎င်းအပြင် မိမိအနေဖြင့် Learning လုပ်ခြင်းကို ပြောရမည်ဆိုလျှင် ဌာနများအနေဖြင့် လုပ်ငန်းကျွမ်းကျင်သူများ က လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြခြင်းများ၊ စုပေါင်း၍ ရှင်းလင်းဆွေးနွေးခြင်းများ၊ အပြန်အလှန်ဆွေး နွေး၍ မှတ်ချက်ရယူခြင်းများ၊ နားထောင်သူများအနေဖြင့်လည်း သိရှိနားလည်စေခြင်းများ ရရှိစေမှာဖြစ်ပါ ကြောင်း၊
လူတိုင်းလူတိုင်း နားလည်မှုတူညီနေလျှင် အထက်ကညွှန်ကြားမှ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ၎င်းသည် Collective Learning လို့ခေါ်သည့် စုပေါင်းပြီးလေ့လာသင်ယူခြင်းတစ်မျိုးဖြစ်ပါကြောင်း၊ အဓိကပြောလိုသည်မှာ တစ်ဦးတစ်ယောက် ချင်းစီက အရည်အချင်းရှိပြီး စေတနာဖြင့် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။