လျှပ်စစ်ရထားပြေးဆွဲဖို့ အချိန်တစ်ခုတွက်ပြီး ကြေညာမယ်လို့ စစ်ကောင်စီဥက္ကဌဆို

လျှပ်စစ်ရထားလမ်းနဲ့လျှပ်စစ်ကားတွေပြေးဆွဲဖို့ မူဝါဒတွေတွက်ချက်ပြီးရင်ကြေညာမယ်လို့စစ်ကောင်စီဥက္ကဋ္ဌ​ထပ်မံပြောလာ

ပြည်တွင်း က အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးမှာ လျှပ်စစ်ကိုပြောင်းဖို့ကြိုးစားဖို့လိုသလို ဒါနဲ့ပတ်သက်တဲ့ မူဝါဒတွေအတွက် အချိန်တစ်ခုတွက်ချက်ပြီးကြေညာသွားမယ်လို့စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးလက်ရှိ မီးရထားနဲ့မြို့ပတ်ရထားလမ်းတွေကိုလည်း အရှုံးခံပြေးဆွဲနေတာဖြစ်ကြောင်း မနေ့အောက်တိုဘာ ၂၅ရက်နေ့ကနေပြည်တော်မှာလုပ်တဲ့ ပြည်ထောင်စုအစိုးရအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

“ Public Transportation လုပ်ငန်းတွေကိုကျွန်တော်တို့အားပေးဖို့လိုတယ်။အဲ့ဒီ Transportation မှာလျှပ်စစ်ကိုရအောင်ပြောင်ပြောင်းနိုင်လို့ရှိရင် ဒီထက်ပိုအကျိုးရှိမယ်။ဒါကြောင့် ကျွန်တော်တို့လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးအတွက် တွန်းအားပေးနေခြင်းဖြစ်ပါတယ်။

တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံးလျှပ်စစ်ရထားနဲ့ပြေးရပါလိမ့်မယ်။ တစ်နိုင်ငံလုံးမြို့ပတ်ရထားလမ်းဆို မြို့ပတ်ရထားလမ်းအတိုင်းသွားမယ်။ မြို့ပေါ်တွေမှာသုံးတဲ့ကားတွေကလျှပ်စစ်ကားတွေဖြစ်ရမယ်။

ဒီမူဝါဒကိုတွက်နေပါတယ်။ အချိန်လေးတစ်ခုတွက်လို့ပြီးလို့ရှိရင် ကျွန်တော်တို့ကြေညာပါ့မယ်။ ဘယ်နှစ်မှာတော့ လျှပ်စစ်ကားသုံးတဲ့စနစ်ကိုဘယ်အဆင့်မှာပြောင်းပြီးသားဖြစ်ရမယ်။Private use တွေပေါ့ဗျာ။

ကိုယ်ပိုင်ကားတွေကားငယ်လေးတွေဆိုလို့ရှိရင်လုပ်ငန်းခွင်သုံးတဲ့ကားကြီးတွေကတော့ဖြစ်ကောင်းဖြစ်နိုင် မှာပေါ့လေ။နည်းပညာတွေအရတစ်ခြားနိုင်ငံတွေမှာဖြစ်နေတဲ့အခြေအနေတွေကို ကျွန်တော်တို့ကြည့်ရဦးမယ်။အခုနပြောတဲ့လူစီးကားကတော့ ဖြစ်တယ်။ဘတ်စ်ကားတွေဖြစ်နိုင်တယ်။ ဒီဟာတွေဟာ ဘယ်နှစ်မှာ လျှပ်စစ်စနစ်ကိုပြောင်းရမယ်ဆိုပြီး ကျွန်တော်တို့လုပ်ရမယ်။ ဒါမှမလုပ်ရင်လည်း ကျွန်တော်တို့ကျန်ခဲ့လိမ့်မယ်။

ဆီဖိုးနဲ့မွဲလိမ့်မယ်လို့” စစ်ကောင်စီဥက္ကဋ္ဌ ရဲ့ပြောဆိုချက်ကိုစစ်ကောင်စီက ထုတ်တဲ့နိုင်ငံပိုင်သတင်းစာတွေမှာထည့်သွင်းဖော်ပြသွားပါတယ်။ပြည်တွင်းမှာ အခုလို လျှပ်စစ်ဘတ်စ်ကားတွေ၊ လျှပ်စစ်ရထားလမ်းတွေပြေးဆွဲတော့မယ့် အကြောင်းအရာနဲ့ပတ်သက်လို့ စစ်ကောင်စီဥက္ကဋ္ဌပြောဆိုလာတာဆိုရင်၃ကြိမ်ဝန်းကျင်လောက်ရှိနေပြီဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *