NUG – အမျိုးသားညီညွတ်ရေး အစိုးရ နှင့် အမေရိကန် ပြည်ထောင်စု သမ္မတ ဂျိုးဘိုင်ဒင်၏ အမျိုးသားလုံခြုံရေး အကြံပေး တို့ အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မှီ တွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဒူးဝါးလရှီလ ၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် တို့သည် အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မှီ အမေရိကန် သမ္မတ ၏ အမျိုးသားလုံခြုံရေး အကြံပေး Mr. Jake Sullivan နှင့် ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် အာဆီယံ သဘောတူညီချက်(၅) ချက်အပါအဝင် စစ်ကောင်စီ၏ တာဝန်ယူ တာဝန်ခံမှု နှင့်ပက်သက်၍ ထိရောက် စွာ ဆောင်ရွက်နိုင် ရေး နှင့် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ
အကြမ်းဖက် ဖမ်းစီးထိမ်းသိမ်း မှုများ ၊ လူသားခြင်းစာနာထောက်ထားရေးအကူအညီများ ၊ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက် နိုင်ရန် ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
Zawgyi/