အထက်္မြတ်လေး မြို့စစ်ဘေးရှောင်စခန်းမှာ နေအိမ်အချို့ပျက်စီးနေပြန်လည်ပြုပြင်ရန် အကူအညီတွေလိုအပ်နေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ အထက်မြတ်လေး မြို့စစ်ဘေးရှောင်စခန်းမှာနေအိမ်အချို့ပျက်စီးနေသောကြောင့် ပြန်လည်ပြုပြင်ရန် အကူအညီတွေလိုအပ်နေတယ်လို့အဲဒီစခန်းမှာနေထိုင်သူတွေကပြောပါသည်။

”ကျွန်တော်တို့ ဒီကိုရောက်နေတာက သုံးနှစ်ပြည့်တော့မှာပါ။ တစ်ချို့နေအိမ်တွေက တက်လို့မရအောင် ပျက်စီးနေပါပြီ။ ဒါကြောင့် ပြန်လည်ပြုပြင်ဖို့ အကူအညီတွေလိုအပ်နေပါတယ် ” လို့ စစ်ဘေးရှောင်တစ်ဦးကပြောပါသည်။

အထက်္မြတ်လေး မြိုစစ်ဘေးရှောင်စခန်းဟာ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဖျားဒေသ မှာ ရခိုင့်တပ်တော် ( အေအေ) နဲ့ မြန်မာစစ်တပ်တို့ကြား ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် က စတင်ခဲ့တဲ့ အစောဆုံးစစ်ဘေးရှောင်စခန်းတစ်ခုဖြစ်ပါသည်။

”ကျွန်မတို့ မိန်းခလေးတွေ ရေချိုးဖို့အတွက် နေရာသီးသန့်မရှိပါဘူး။ အဆင်ပြေသလိုပဲ ရေချိုးနေကြရတာပါ။ စိတ်ထဲမှာတော့ မလုံခြုံသလိုခံစားရပါတယ် ” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောပါသည်။

အဲဒီစခန်းဟာ ကျောက်တော်မြို့နယ်၊ ခမောင်း၊ သိန်းချောင်း၊ ကင်ပိ၊ မီးချောင်းခုပ်ကျေးရွာများအပါဝင် ကျေးရွာ ၉ ရွာ နဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ဆင်သီဖျား၊ အဝပြန်စတဲ့ ကျေးရွာတွေကမြို၊ ဒိုင်းနက်စတဲ့ လူနည်းစုတိုင်းရင်းသား၊ အိမ်ထောင်စု ၁၅၀ စု၊ လူဦးရေ ၇၂၈ ဦး စစ်ဘေးရှောင် နေထိုင်နေကြပါသည်။

ရခိုင်ပြည်နယ် မှာမြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော် (AA)တို့ ကြား၂၀၂၀ နိုဝင်ဘာလကစပြီးတိုက်ပွဲတွေရပ်တန့်နေလို့ နေရပ်ကို ပြန်သွားကြတဲ့ စစ်ဘေးရှောင်တစ်ချို့ရှိနေပေမယ့်အများစုက စစ်ဘေးရှောင်စခန်းအသီးသီးမှာယာယီခိုလှုံနေထိုင်နေကြဆဲဖြစ်ပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *