ဖမ်းဆီးထားသူတွေကိုပြန်လွတ်ပေးဖို့အမေရိကန်သံရုံထုတ်ပြန်

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆက်လက်ဖမ်းဆီးနေမှုများ၊ ကိုဂျင်မီအပါအဝင်ဒီမိုကရေစီလိုလားသူများနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ

များအပေါ် မတရားဖိနှိပ်နေမှုသတင်းများကြောင့် မိမိတို့ အလွန်အမင်းစိုးရိမ်မိပါသည်။ စစ်အာဏာသိမ်းပြီးချိန်ကစ၍ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသောသူများကို ပြန်လွှတ်ပေးရန်စစ်အာဏာရှင်ကိုမိမိတို့ဆက်လက်တိုက်တွန်းပြီး လုံလောက်သော

ဆေးဝါးကုသခွင့် ချက်ချင်းပံ့ပိုးပေးရေးအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတို့၏ ဂုဏ်သိက္ခာနှင့်အခြေခံ လူ့အခွင့်အရေး များကို လေးစားလိုက်နာရန်မိမိတို့တောင်းဆိုပါသည်။ မြန်မာပြည်သူတို့လိုလားတောင်းတနေသော ဒီ

မိုကရေစီစနစ်ကို နောက်ပြန်လှည့်စေ၍ ဖိနှိပ်နိုင်ရန်အလို့ငှာ အကြမ်းဖက်မှုကိုဆက်လက်
အသုံးချနေခြင်းအတွက် စစ်အာဏာရှင်အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေရန် အမေရိကန်ပြည်ထောင်စုက ကတိကဝတ် ပြုထားဆဲဖြစ်ပါသည်။

We are deeply concerned by reports of security forces’ ongoing arrests and abuse of pro-democracy activists and human rights defenders, including Ko Jimmy.

We continue to urge the regime to release all those unjustly detained since the military coup and call on the regime to respect the dignity and basic human rights of detainees, including the prompt and adequate provision of medical care.

The United States remains committed to holding the regime accountable for its ongoing use of violence to overturn and suppress the democratic aspirations of the people of Burma.

Leave a Reply

Your email address will not be published. Required fields are marked *