ထိုင်းနိူင်ငံနှင့် အာဏသိမ်းသာခြင်းအတူတူ မိမိတို့သာဖိအားပေးခံနေရခြင်းကမဖြစ်သင့်ဟုစစ်ကောင်စီဆို

ထိုင်းနှင့် စစ်အာဏာသိမ်းမှု​ခြင်းအတူတူ ၄င်းတို့ကိုသာဖိအားပေးနေခြင်းသည်မဖြစ်သင့်ဟု စစ်ကောင်စီကိုယ် စား၄င်းတို့ကိုထောက်ခံသည့် နိုင်ငံရေးပါတီများက အာဆီယံကိုပြော

အိမ်နီးချင်းထိုင်းနိုင်ငံနည်းတူ စစ်ဘက်အာဏာသိမ်းခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံစစ်အာဏာသိမ်းစဥ်ကအာဆီယံအနေဖြင့်ဖိအားပေး အရေးယူဆောင်ရွက်မှုများ မပြုလုပ်ခဲ့ဘဲ ၄င်းတို့ စစ်အာဏာသိမ်းခြင်းကိုသာ နိုင်ငံရေးအရဖိအား ပေးနေခြင်းသည် မဖြစ်သင့်ကြောင်း စစ်ကောင်စီကိုယ်စား ၄င်းတို့ကိုထောက်ခံသည့်နိုင်ငံရေးပါတီများက အရှေ့ တောင်အာရှနိုင်ငံများအသင်း-ASEAN ထံ ကြေ ငြာချက်ထုတ်ပြန်လိုက်သည်။

၄င်းတို့စစ်ကောင်စီအနေဖြင့် ချမှတ်ထားသည့် အာဆီယံဘုံသဘောတူညီချက်များအား အတတ် နိုင်ဆုံး ပူးပေါင်းလိုက်နာဆောင်ရွက်နေသော် လည်း လက်ရှိတွင်အာဆီယံ၏ ရပ်တည်ဆောင် ရွက်ချက်များသည် ယိမ်းယိုင်တိမ်း စောင်းမှုများရှိနေသည်ဟု ထုတ်ပြန်ရေးသားထားသည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပ ဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အာဆီယံအနေဖြင့်လည်း တည်ဆဲပဋိညာဥ်စာတမ်းများ ပါရှိသည့်အတိုင်းဆောင်ရွက်ရန် လိုမည်ဖြစ် ကြောင်းနှင့် ပဋိညာဥ်စာတမ်းတွင် ပါရှိသည့်အ ချက်များကိုကျော်လွန်ပြီး မဟာမိတ်နိုင်ငံများနှင့် သံတမန်များ၏တိုက်တွန်းမှုများကိုရှေ့တန်းတင် ပြုလုပ်ခြင်းသည် အာဆီယံစည်းလုံးညီ ညွတ်ရေးနှင့်ဒေသတွင်းတည်ငြိမ်းအေးချမ်း ရေး ကို အနှောက်အယှက်ဖြစ်စေမည်ဟု ရေးသား ဖော် ပြထားသည်။

ထို့ပြင် ကမ္ဘ့ာနိုင်ငံများအနေဖြင့်လည်း ကုလသမ္မဂပဋိညာဥ်၊ EU ပဋိညာဥ်များတွင် ပြဌာန်းထား သည့်အချက်များကိုပစ်ပယ်ပြီး လွတ်လပ်သောနိုင်ငံတနိုင်ငံ၏ အခြေခံဥပဒေမှပေးအပ်ထားသည့် အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာများ ဆောင်ရွက်နေခြင်းအပေါ် ဖိအားပေးခြင်း၊ တွန်း အားပေးခြင်း၊အနှောက်အယှက်ပေးခြင်းများ ပြု လုပ်ရန်မသင့်ဘဲ ပူးပေါင်းဆောင်ရွက်ခြင်းနည်း လမ်းကိုသာပြုလုပ်သင့်ကြောင်း ဖော်ပြထား သည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင်စတင်ကျင်းပ မည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် စစ် အာဏာသိမ်းခေါင်းဆောင်အား အာဆီယံအဖွဲ့ဝင်နိုင်ငံများမှတက်ရောက်ခွင့်မပြုရန်နှင့် နိုင်ငံရေးနယ်ပယ်မှမဟုတ်သည့် ကိုယ်စားပြုပုဂ္ဂိုလ် တဦးသာ တက်ရောက်ရမည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် အာဆီယံအပေါ်ပဋိညာဥ်စာမ်းနှင့်အညီ လုပ်ဆောင်ခြင်း မရှိဘဲ ဘက်လိုက်မှုများမပြုလုပ်ရန် တောင်းဆို လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ပြည်သူလူထုရွေးချယ်ခံခေါင်းဆောင်များကို ဖမ်းဆီး၍ စစ်အာဏာသိမ်းခဲ့ပြီးနောက် စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုလက်နက်မဲ့ဆန္ဒပြပြည်သူများအား အင်အား သုံးပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် လက်ရှိအချိန်ထိ အ ပြစ်မဲ့ပြည်သူ တစ်ထောင်ကျော်သေဆုံးခဲ့ပြီး ခုနှစ်ထောင်ကျော်မတရားဖမ်းဆီးခံထားရသည် ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPPထုတ်ပြန်ချက်များအ ရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *