ဟုမ္မလင်းမြို့က CDM ကျောင်းဆရာမတစ်ဦးအား စစ်ကောင်စီမှ သေနတ်နဲ့ပစ်သတ်ခဲ့ကြောင်းသိရှိရ

ဟုမ္မလင်းမြို့က CDM ကျောင်းဆရာမတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

စစ်ကိုင်တိုင်း၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ကျေးရွာမှာ CDM ပြုလုပ်ထားတဲ့ ဆရာမတစ်ယောက်ကို အောက်တိုဘာ ၂၄ ရက်နေ့က သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ သိရှိရပါသည်။

ယမနေ့က ညနေ ၆ နာရီလောက်က နေအိမ်ရှိဝရံတာမှာ ဆရာမဖြစ်သူ ထိုင်နေတုန်းအခိုက် စစ်ကောင်စီဟုထင်မှတ်ရသည့် အမည်မသိ လူ ၃ ယောက်က သေနတ်နဲ့ ဝင်‌ေယာက်ပစ်ခတ်သွားတာကြောင့် သေနတ်ကျည် သုံးချက်္မှန်ပြီး သေဆုံးသွားသည်ဟု သိရှိရပါသည်။

သေဆုံးသူဟာ စစ်ကောင်စီ က လိုက်လံဖမ်းဆီးနေလို့ ပုန်းရှောင်နေရတဲ့ စစ်ကိုင်းသပိတ်ဦးဆောင်သူ ကိုကျော်ဝင်းစိန်ရဲ့မရီးဖြစ်သူ မမေနှင်းအေးဖြစ်ပြီး အသက်တစ်နှစ်အရွယ် ကလေးတစ်‌ယောက်ရှိတယ်လို့ သိရှိရပါသည်။

ကိုကျော်ဝင်းစိန်က မရီးဖြစ်သူသေဆုံးမှု့ဖြစ်စဥ်နဲ့ အောက်တိုဘာ ၂၄ ရက်နေ့က ဟုမ္မလင်းမြို့မှာ ဖြစ်ပွားတဲ့ တပ်သတင်းပေးနဲ့ ပျုစောထီးခေါင်းဆောင် မောင်မော့တို့ အသတ်ခံရတဲ့ အမှု့ဟာ သူနဲ့ မဆိုင်ဘူးလို့ သူရဲ့လူမှု့ကွန်ရက်စာမျက်နှာပေါ်မှာ ရှင်းလင်းရေးသားထားပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *