ထွက်ပြေးတိမ်းရှောင်နေသူတွေ နေရပ်ပြန်ဝင်လိုပါက ဥပဒေအရ ဖြေလျော့ပေးမယ်လို့ စစ်ကောင်စီထုတ်ပြန်

စစ်ကောင်စီကအဓမ္မဖမ်းဆီးလို့ ထွက်ပြေးတိမ်းရှောင်နေသူတွေ နေရပ်ပြန်ဝင်လိုပါက ဥပဒေအရ ဖြေလျော့ပေးမယ်လို့ စစ်ကောင်စီထုတ်ပြန်

ရန်ကုန်၊အောက်တိုဘာ(၂၅)

စစ်ကောင်စီကအဓမ္မဖမ်းဆီး ချုပ်နှောင်နေတာကြောင့် အရပ်ဒေသအသီးသီးကို ထွက်ပြေးတိမ်ရှောင်နေကြရတဲ့ ဝန်ထမ်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ အခြားနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေအနေနဲ့ နေရပ်ပြန်ဝင်လိုပါက ဥပဒေအရ ဖြေလျော့ပေးသွားမယ်လို့ စစ်ကောင်စီက ဒီနေ့မှာ နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်ကအာဏာသိမ်းတာကို လက်မခံဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ပစ်ခတ်သတ်ဖျတ်ခံခဲ့ရတာတွေရှိနေသလို ထောင်ပေါင်းများစွာသော ပြည်သူတွေ ဖမ်းဆီးချုပ်နှောင်ခံနေရတာဖြစ်ပါတယ်။

နေရပ်ဒေသအသီးသီးကို အကြောင်းအရာတမျိုးမျိုးနဲ့ ပြစ်မှုကျူးလွန်ထားသူတွေမှအပ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူတွေအနေနဲ့ နေရပ်တွေကို ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ ပြန်လည်ဖြေလျော့ပေးမှုတွေနဲ့အညီ ပြန်လည်ဝင်ရောက်နိုင်ရေး ဆက်သွယ်ဆောင်ရွက်ဖို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဥပဒေအရ ဖြေလျော့ပေးမယ့် ဖိတ်ခေါ်ချက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှု၊ပြည်သူ့ဝန်ထမ်းတွေနဲ့ ပြည်သူအချို့ကို တိုက်ခိုက်မှု၊ အဆောက်အဦတွေဖျက်ဆီးမှု၊ CDM လှုပ်ရှားမှုတွေမှာ ကာယကံမြောက်ပါဝင်သူတွေ မပါဝင်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ အောက်တိုဘာ(၂၃) ရက်နေ့အထိ (၁၁၉၆) ဦး ရှိခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၇၀၁၆) ဦးရှိနေပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *