စစ်အာဏာရှင်ကို အခုချိန်မချေမှုန်းလိုက်နိုင်ပါက အနာဂတ်မှာ အမြစ်ဖြတ်နိုင်ရန် ပိုမိုခက်ခဲသွားနိုင်တယ်လို့ KIO ဥက္ကဋ္ဌ ပြော

ဗမာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို အခုချိန်မှာ မချေမှုန်းလိုက်နိုင်ပါက အနာဂတ်မှာ အမြစ်ဖြတ်နိုင်ရန် ပိုမိုခက်ခဲသွားနိုင်တာကြောင့် စစ်အာဏာရှင်ကို ဆန့်ကျင်မယ့် မည်သည့်အဖွဲ့အစည်းနဲ့မဆို လက်တွဲပြီး အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းသွားမည်ဖြစ်တယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကပြောဆိုလိုက်ပါတယ်။

ဒီနေ့မှာကျရောက်တဲ့ KIO (၆၁) နှစ်ပြည့် အထိမ်းအမှတ်နေ့ မိန့်ခွန်းပြောကြားချိန်မှာ အခုလိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့အချိန်တွေမှာ မြန်မာနိုင်ငံအတွင်း ဘယ်အစိုးရပဲ တက်လာတက်လာ လူမျိုးကြီးဝါဒကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့ကြပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ဆန္ဒတွေကို လျစ်လျူရှုခဲ့တာကြောင့် တိုင်းရင်းသားတွေ စတင်တော်လှန်ခဲ့ကြတာဖြစ်ပါတယ်၊
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်အာဏာပြန်သိမ်းလိုက်မှ အဘယ့်ကြောင့်တိုင်းရင်းသားတွေ တော်လှန်ရေးလုပ်ခဲ့ရသလဲဆိုတာကို မြန်မာနိုင်ငံတွင်းရှိ ဗမာတိုင်းရင်းသား‌တွေ သိရှိနားလည်ခဲ့တယ်” လို့သူကပြောပါတယ်။

အခုလို KIO အပေါ်ပြည်သူတွေက ပိုမိုယုံကြည်လာတာကြောင့် KIO/KIA အနေနဲ့လည်း ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူမဆုံးဖြစ်ရကြောင်း၊ ပြည်သူတို့ယုံကြည်ထားတဲ့အတိုင်း KIO/KIA ဘက်ကလည်း အခုတိုက်ပွဲတွေမှာ အဆုံးထိတိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း နဲ့
ပြည်သူလူထုတွေအနေနဲ့လည်း တရားမျှတတဲ့ဘက်ကနေ မားမားမတ်မတ် ဆက်လက်ရပ်တည်ပေးဖို့ ကချင်အမျိုးသားရေးအဖွဲ့ဝင်တွေနဲ့ ကော်မတီဝင်တွေအနေနဲ့လည်း ပြည်သူတွေ ယုံကြည်မှုပျက်ပြားစေတဲ့ အပြုအမူ ဘယ်အရာမျိုးကိုမဆို လုံးဝမပြုလုပ်ကြဖို့အတွက်လည်း သူကတိုက်တွန်းပြောဆိုခဲ့ပါသေးတယ်။

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *