မြောင်မြို့နယ်တွင် မဟာမိတ်တပ်ဖွဲ့ ၈ ဖွဲ့ ပူးပေါင်းကာ စစ်ကောင်စီယာဥ်တန်းအား မိုင်းခွဲတိုက်ခိုက်၊၃ပွင့် ဗိုလ်တစ်ဦး အပါအဝင် ၁၅ ဦး သေဆုံး

Unicode:

စစ်ကိုင်းတိုင်းဒေသကြီး၊မြောင်မြို့နယ်တွင် မဟာမိတ်တပ်ဖွဲ့ ၈ဖွဲ့ ပူးပေါင်းကာ ယနေ့ (အောက်တိုဘာလ ၂၄ ရက်) နေ့လည် ၁၂နာရီအချိန်က ၁၂ဘီးကားတစ်စီးပါ စစ်ကောင်စီယာဥ်တန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ မိုင်း ၆လုံးကွဲပြီး စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။

မြောင်မြို့မှ ကျေးရွာများသို့သွာလာနေသည့် စစ်ကောင်စီယာဥ်တန်းအား လမ်းခုလတ်တစ်နေရာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယာဥ်တန်းပါ ၁၂ဘီးကားတစ်စီးနှင့် ကား အသေးတစ်စီး ပက်လက်လန်ကာ မီးလောင်ပျက်ဆီးခဲ့ပြီး ကျောက်ရစ်တိုက်ပွဲတွင်ပါဝင်သူ ၃ပွင့်ဗိုလ်တစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်္မှု့ကို မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ၊Myaung Special Peoples Defense Force -MSPDF ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ 27 Revolution Forces ၊PDF Taloke ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ၊TGR-ပြည်သူ့ကာကွယ်ရေးတပ်နှင့် Myingyan Ranger အဖွဲ့ စသည့် မဟာမိတ်တပ်ဖွဲ့ ၈ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Local PDF-ပြည်သူ့ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *