ဖိနပ်မစီးသည့်ပြည်သူများကို ဒဏ်ငွေဆောင်ခိုင်းသည့် မအူပင်ခရိုင်စစ်ကောင်စီဥက္ကဌ ဒု-ဗိုလ်မှူးကြီး နိုင်လွင် ပြောင်းရွှေ့ခံရ

Unicode:

ဖိနပ်မစီးသည့်ပြည်သူများ ဒဏ်ငွေဆောင်ခိုင်းသည့် ဧရာဝတီတိုင်း၊ မအူပင်ခရိုင်စစ်ကောင်စီ ဥက္ကဌ ဒု-ဗိုလ်မှူးကြီး နိုင်လွင် ပြောင်းရွှေ့ခံလိုက်ရကြောင်း သတင်းရရှိသည်။

အဆိုပါခရိုင်စစ်ကောင်စီဥက္ကဌ ဒုဗိုလ်မှူးကြီးသည် ယခုလ ဒုတိယအပတ်အတွင်းမှစ၍ မအူပင်မြို့နယ်အတွင်းရှိ ဖိနပ်မစီးသည့်ဒေသခံလုပ် သားပြည်သူများအား ဒဏ်ငွေ ၃၀၀၀ ကျပ်ပေး ဆောင်စေရန်ညွှန်ကြားခဲ့ပြီး စစ်ကောင်စီရန်ပုံငွေ ရှာပေးခဲ့ကြောင်း သိရှိရပါသည်။

” သူက တအားဆိုးတယ်။ ဖိနပ်မပါလည်း ဒဏ် ငွေရိုက်တယ်။ ဆိုင်ကယ်တွေလည်းတအားဖမ်း ပြီးဒဏ်ရိုက်တယ်။ သူ့မူလတပ်က ပုသိမ်နားက တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းက အဲ့ဒီကို ပြန်ပို့တာဖြစ်မယ်။ ခရိုင်စစ်ကောင်စီဥက္ကဌ ပြန်ချိန်းတဲ့သဘောပေါ့။” ဟု မအူပင်မြို့နယ် ဒေ သခံတစ်ဦးက ပြေကြားခဲ့ပါသည်။

ထို့ပြင် မအူပင်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူ အများစုအားဖမ်းဆီးခြင်းများပြုလုပ်နေပြီး စစ် ဆေးပြီးနောက်တစုံတရာအပြစ်မတွေ့ရှိပါက ငွေ ကြေးတောင်းခံပြီးမှ ပြန်လွှတ်ပေးခြင်းများ ပြုလုပ်နေကြောင်း သိရပါသည်။

ဧရာဝတီတိုင်းတခုလုံးမှ လစဥ် စစ်ကောင်စီရန်ပုံ ငွေအတွက် ငွေကျပ် သိန်း ၄၈၀၀ ရှာဖွေပေးရန် ညွှန်ကြားထားသည်ဟု စစ်တပ်အသိုင်းအဝိုင်းထံ ကသိရပြီး မအူပင်ခရိုင်အတွင်း စစ်ဆေးဖမ်းဆီး မှု့များ၍ ငွေတောင်းခံမှု့များ များပြားလာကြောင်း သိရှိရပါသည်။

မအူပင်မြို့သည် ဗုံးပေါက်ကွဲမှု့နှင့်ပစ်ခတ်မှု့များ ဆက်တိုက်ဖြစ်ပွားနေပြီး ဧရာဝတီတိုင်းအတွင်း မှ မအူပင်မြို့နှင့်ပုသိမ်မြို့တို့အား ပုဒ်မ-၁၄၄ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

Zawgyicode:

ဖိနပ်မစီးသည့်ပြည်သူများကို ဒဏ်ငွေဆောင်ခိုင်းသည့် မအူပင်ခရိုင်စစ်ကောင်စီဥက္ကဌ ဒု-ဗိုလ်မှူးကြီး နိုင်လွင် ပြောင်းရွှေ့ခံရ

ဖိနပ်မစီးသည့်ပြည်သူများ ဒဏ်ငွေဆောင်ခိုင်းသည့် ဧရာဝတီတိုင်း၊ မအူပင်ခရိုင်စစ်ကောင်စီ ဥက္ကဌ ဒု-ဗိုလ်မှူးကြီး နိုင်လွင် ပြောင်းရွှေ့ခံလိုက်ရကြောင်း သတင်းရရှိပါသည်။

အဆိုပါခရိုင်စစ်ကောင်စီဥက္ကဌ ဒုဗိုလ်မှူးကြီးသည် ယခုလ ဒုတိယအပတ်အတွင်းမှစ၍ မအူပင်မြို့နယ်အတွင်းရှိ ဖိနပ်မစီးသည့်ဒေသခံလုပ် သားပြည်သူများအား ဒဏ်ငွေ ၃၀၀၀ ကျပ်ပေး ဆောင်စေရန်ညွှန်ကြားခဲ့ပြီး စစ်ကောင်စီရန်ပုံငွေ ရှာပေးခဲ့ကြောင်း သိရှိရပါသည်။

” သူက တအားဆိုးတယ်။ ဖိနပ်မပါလည်း ဒဏ် ငွေရိုက်တယ်။ ဆိုင်ကယ်တွေလည်းတအားဖမ်း ပြီးဒဏ်ရိုက်တယ်။ သူ့မူလတပ်က ပုသိမ်နားက တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းက အဲ့ဒီကို ပြန်ပို့တာဖြစ်မယ်။ ခရိုင်စစ်ကောင်စီဥက္ကဌ ပြန်ချိန်းတဲ့သဘောပေါ့။” ဟု မအူပင်မြို့နယ် ဒေ သခံတစ်ဦးက ပြေကြားခဲ့ပါသည်။

ထို့ပြင် မအူပင်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူ အများစုအားဖမ်းဆီးခြင်းများပြုလုပ်နေပြီး စစ် ဆေးပြီးနောက်တစုံတရာအပြစ်မတွေ့ရှိပါက ငွေ ကြေးတောင်းခံပြီးမှ ပြန်လွှတ်ပေးခြင်းများ ပြုလုပ်နေကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းတခုလုံးမှ လစဥ် စစ်ကောင်စီရန်ပုံ ငွေအတွက် ငွေကျပ် သိန်း ၄၈၀၀ ရှာဖွေပေးရန် ညွှန်ကြားထားသည်ဟု စစ်တပ်အသိုင်းအဝိုင်းထံ ကသိရပြီး မအူပင်ခရိုင်အတွင်း စစ်ဆေးဖမ်းဆီး မှု့များ၍ ငွေတောင်းခံမှု့များ များပြားလာကြောင်း သိရှိရပါသည်။

မအူပင်မြို့သည် ဗုံးပေါက်ကွဲမှု့နှင့်ပစ်ခတ်မှု့များ ဆက်တိုက်ဖြစ်ပွားနေပြီး ဧရာဝတီတိုင်းအတွင်း မှ မအူပင်မြို့နှင့်ပုသိမ်မြို့တို့အား ပုဒ်မ-၁၄၄ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *