မိခင်တပ်ရင်းကိုတည်ထောင်ပေးသူတွေကိုကျေးဇူတင်ကြောင်းပြောလာတဲ့ PDF လူငယ်လေး

ကျွန်တော်ရဲ့မိခင်တပ်ရင်း PDF TC ကို
တည်ထောင်ပေးသူများကို လေးစားရသောကျွန်တော်သူတို့ ဘယ်အချိန်လောက်တည်းက
အကောင်းဆုံးစီစဉ်ခဲ့ကြပါလိမ့်ဗျာ။

ကိုဇွဲနဲ့မထားထက်ထက်တို့က စတင်ထည်ထောင်ပေးခဲ့လို့ သိရပါတယ်။ပြောရရင်ဗျာ တခြားစခန်းတွေထက် အနည်းငယ်တော့တစ်ဘက်ဘက်က သာတယ်လို့ ကျွန်တော်ထင်တယ်။

ကိုဇွဲနဲ့မထားထက်ထက်တို့ကစခန်းကို
အကောင်းဆုံးတည်ဆောက်ပြီး သင်တန်းသားတွေစား၊၀တ်၊နေထိုင်ရေး အဆင်ပြေအခြေကျပြီဆိုကာမှတခြားလိုအပ်နေတဲ့PDFစခန်းတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းကူညီဖို့ထွက်ခွာခဲ့တယ်လို့သိရပါတယ်။

ကိုဇွဲနဲ့မထားထက်ထက်တို့ မရှိတော့တဲ့နောက်ပိုင်းဒီစခန်းလေးပုံမှန်ရပ်တည်နိုင်အောင် ပိုကောင်းအောင် ကိုခေါခေါ Dr.Ready တို့အပြင် အခြားသောရုံးအဖွဲ့၀င်များအားလုံးကအများကြီးကြိုးစားပေးခဲ့တယ်။

ကိုဇွဲ၊မထားထက်ထက်၊ကိုခေါခေါ၊Dr.Ready
အပါအ၀င် ယခင်ရုံးအဖွဲ့၀င်အားလုံးဟာ
PDF TC သင်တန်းသားတွေအားလုံး တစ်ရက်မှထမင်းမငတ်အောင် ကျွေးမွေးနိုင်ခဲ့တဲ့အပြင်
ဦးထုပ်ကအစ ခြေအိတ်အထိ ပြည့်စုံအောင်
ဆင်ပေးနိုင်ခဲ့တဲ့ သူတွေဖြစ်ပါတယ်။

အားလုံးကို တကယ်ကို လေးစားမိပါတယ်။
အားလုံးက သူတို့တာ၀န်သူတို့ကျေခဲ့တာပါ။အားလုံးက မတရားမှုကိုတော်လှန်ဖို့ စိတ်အပြည့်ရှိတဲ့ညီအကိုမောင်နှမများသာ ဖြစ်ပါတယ်။

PDF TC စခန်းအတွက် အရင်ကရန်ပုံငွေရှာသူများဖြစ်တဲ့ကိုဇွဲ၊မထားထက်ထက်၊ကိုခေါခေါ၊Dr.Readyတို့ကငွေကြေးပြည့်စုံပြီး တောင့်တင်းခိုင်မာတဲ့အနေအထားကနေ ပြည်သူ့အတွက်ဒုက္ခခံ‌တောခိုပြီး ကြိုးစားပေးနေကြတာပါ။

 

Leave a Reply

Your email address will not be published. Required fields are marked *