စစ်ကောင်စီ၏ ဗဟိုဘဏ်ကတစ်ပတ်အတွင်းဒေါ်လာသန်း ၈၀ ရောင်းသော်လည်းဈေးကွက်အပေါ်သက်ရောက်္မှု့မရှိသလောက်နည်းပါးနေ

Unicode:

အာဏာသိမ်းစစ်ကောင်စီ၏ ဗဟိုဘဏ်က တစ်ပတ်အတွင်း ဒေါ်လာသန်း ၈၀ကို စံချိန်တင်ရောင်းချခဲ့သော်လည်း ဈေးကွက်အတွင်း သက်ရောက်မူကြီးကြီးမားမားမရှိကြောင်း ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် ဈေးကွက်ပေါက်ဈေးထက် တစ်ဒေါ်လာကို ကျပ် ၂၀၀ အောက်လျော့ချပြီး ဒေါ်လာသန်း ၈၀ ကို အောက်တိုဘာ ၁၈ ရက်နှင့် ၂၂ ရက်တွင် နှစ်သုတ်ခွဲထုတ်ရောင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

အောက်တိုဘာ ၂၂ ရက်တွင် ပြင်ပဈေးကွက်ပေါက်ဈေး တစ်ဒေါ်လာလျှင် ၂၀၂၀ကျပ်ရှိနေချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၈၀၀ကျပ်ဖြင့် သန်း ၃၀ကို လည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာကို ၂၀၇၀ကျပ်ပေါက်ဈေးရှိနေချိန်တွင် တစ်ဒေါ်လာကို ၁၈၂၀ကျပ်ဖြင့် ဒေါ်လာသန်း ၅၀ကိုလည်းကောင်း အသီးသီးထုတ်ရောင်းခဲ့သည်ဟုထုတ်ပြန်သည်။ သို့သော် အမှန်တစ်ကယ်ရောင်းချခြင်း ရှိ ၊မရှိကိုမှုPeople’s Spring ကအတည်မပြုနိုင်ပေ။

ကြေညာသောနှုန်းဖြင့်ရောင်းပါက ပျှမ်းမျှတစ်ဒေါ်လာကို ကျပ် ၂၀၀ထက်လျော့နည်း၍ ရောင်းချခဲ့ခြင်းဖြစ်သည်။

ထိုရောင်းချမူသည် စစ်ကောင်စီအတွက် မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီ၊ ဆေးဝါးများဝယ်ယူရန် အတွက်သာဖြစ်နိုင်ပြီး ဈေးကွက်သဘောအရရောင်းချခြင်းမဖြစ်နိုင်ကြောင်း ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

“အရင်တုန်းကလို ဈေးကွက်ထဲ ဒေါ်လာထည့်ပေးတာမဟုတ်တော့ဘူး၊ သူတို့လိုအပ်တဲ့ ပစ္စည်းတွေ တင်သွင်းဖို့ ဒေါ်လာကို ကိုယ်တာနဲ့ ထုတ်ပေးတဲ့ သဘောမျိုးပါပဲ”ဟု ၎င်းက ပြောကြးခဲ့ာသည်။

စစ်ကောင်စီက ထိုသို့ရောင်းချခဲ့သော်လည်း ငွေလဲဈေးကွက်အတွင်း ဒေါ်လာဈေးမှာ သိသာထင်ရှားစွာ ကျဆင်းလာခြင်းမရှိသေးကြောင်း ကမာရွတ်မြို့နယ်က ငွေလဲကောင်တာပိုင်ရှင်တစ်ဦးက ပြောပါသည်။

“သီတင်းကျွတ်ကာလတွေမှာက လုပ်ငန်းရှင်တွေက ဒေါ်လာမလို့ဘူး၊ ငွေလိုလို့လာရောင်းတဲ့သူဘဲရှိတယ်၊ အဲ့တာကြောင့် ဒေါ်လာဈေးက နည်းနည်းငြိမ်နေတာ။ ဒါပေ့မယ်လဲ တစ်ဒေါ်လာ ၂၀၀၀အောက်ကို ဆင်းဖို့ဆိုတာတော့ မဖြစ်နိုင်သေးဘူး”ဟု ၎င်းက သုံးသပ်သည်။

စစ်ကောင်စီ၏ဗဟိုဘဏ်ကဒေါ်လာထုတ်မရောင်းခင်က အောက်တိုဘာ ၁၇ရက်က တစ်ဒေါ်လာကို ၂၀၇၀ကျပ်ရှိပြီး ဒေါ်လာရောင်းချပြီး အောက်တိုဘာ ၂၃ ရက်တွင် တစ်ဒေါ်လာကို ၂၀၁၀ကျပ်ပေါက်ဈေးရှိနေသည်။ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းထားသည့် ၈ လခန့်အတွင်း နိုင်ငံတော်အရံငွေထဲမှ ဒေါ်လာသန်း ၂၆၀ ကျော်ကို ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *