ဗားကရာချောက်က စစ်ကောင်စီအဖွဲ့ယာဥ်ထိန်းရဲကင်း အပစ်ခံရ၊ ၁ ဦးသေ၊ ၁ဦး ဒဏ်ရာရရှိခဲ့

ဗားကရာချောက်က စစ်ကောင်စီအဖွဲ့ယာဥ်ထိန်းရဲကင်း အပစ်ခံရ၊ ၁ ဦးသေ၊ ၁ဦး ဒဏ်ရာရ

Unicode:

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဗားကရာယာဥ်ထိန်းရဲကင်းရုံး ယနေ့ နေ့လယ် ၂ နာရီ ခွဲက ပစ်ခတ်ခံရပြီး စစ်ကောင်စီအဖွဲ့များ သေဆုံးနိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။

ဗားကရာချောက်၊ ယာဥ်ထိန်းရဲကင်းအတွင်း သဲအိတ်များကာရံပြီး လက်နက်ကိုင်စောင့်ကြည့်နေသည့် စစ်ကောင်စီအဖွဲ့များ ပစ်ခတ်မှုတွင် တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိကြောင်း စမ်းချောင်းသပိတ်ကော်မတီက ရေးသားထားပါသည်။

ယနေ့နေ့လယ်ပိုင်းတွင် ရဲကင်းအနီးသို့ စက်သေနတ်များဖြင့်အတွဲလိုက် ပစ်ခတ်ခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှုကို မဲခေါင်သတင်းဌာနက သီးခြားအတည်ပြုချက်မရရှိသေးပေ။

ဗားကရာသို့လာသည့်ကားများအား တားဆီးစစ်ဆေးနေပြီး နောက်ပြန်လှည့်ခိုင်းနေသည့်ဟု ကားသမားများကပြောသည်။ ယနေ့မနက်ပိုင်းတွင်လည်း ဗိုလ်တထောင်မြို့နယ် ယာဥ်ထိန်းရဲကင်း အပစ်ခံရပြီးနောက် နေ့လယ်ပိုင်းတွင် ယခုပစ်ခတ်မှု့ဖြစ်ပွားခြင်းဖြစ်သည်။

ရန်ကုန်တွင် မြေအောက်တော်လှန်ရေးအဖွဲ့ အများအပြားရှိနေပြီး ယခုပစ်ခတ်မှု့ကို မည်သည့်အဖွဲ့က ပြုလုပ်ကြောင်း ဝန်ခံပြောကြားမှု မရှိသေးပါ။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *