ရာဇဝတ်မှု့တွေ ကျူးလွန်နေတဲ့ တပ်မတော်က တာဝန်ရှိသူတွေကို ဒဏ်ခတ်အရေးယူပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

Unicode:

ရာဇဝတ်မှု့တွေ ကျူးလွန်နေတဲ့ တပ်တော်က တာဝန်ရှိသူတွေကို ဒဏ်ခတ်အရေးယူပေးဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

မြန်မာနိုင်ငံမှာ တွေ့ကြုံနေရတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေအတွက် တပ်မတော် အဆင့်မြင့်အရာရှိတွေ၊ သူတို့ရဲ့လက်အောက်ခံ အရာရှိတွေနဲ့ တာဝန်ရှိသူတွေကို တာဝန်ခံမှုရှိစေဖို့နဲ့ ဒဏ်ခတ်အရေးယူဖို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောဆိုခဲ့တာ ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ပြီး တရားခံအားလုံးကို သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိရမှာဖြစ်ပြီး တရားခုံရုံးတွေအနေနဲ့ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ထိုက်တန်တဲ့ အပြစ်ဒဏ်တွေ ချမှတ်ပေးရမှာဖြစ်တယ်လို့ သူကပြောပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူကို တပ်မတော်အနေ ကျည်ဆန်အစစ်သုံးပြီး လွန်စွာ အင်အား သုံးပစ်ခတ်ခြင်း၊ တရားမဝင် ဖမ်းဆီးထိန်းသိမ်းခြင်း၊ နှိပ်စက်ခြင်း၊ ဥပ‌ဒေနဲ့အညီ အယူခံလျှောက်ထားခွင့်ကို ပိတ်ပင်ထားခြင်း၊ စွပ်စွဲခံထားရသူတွေအနေနဲ့ ဥပဒေကြောင်းအရ ကိုယ်စားပြုမှုမရရှိခြင်း စတာတွေကို ချိုးဖောက်နေတယ်လို့ အောက်တိုဘာ (၂၂) ရက်နေ့က နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

တပ်မတော်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေက တိုင်းရင်းသားတွေအပေါ် ဖိစီးနှိပ်စက်မှု၊ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖမ်းမှု၊ လူမဆန်စွာနှိပ်စက်မှုတို့ကို ကျူးလွန်နေတာကို တွေ့ကြရတယ်လို့ သူက ပြောဆိုခဲ့တာဖြစ်ပါသည်။

Zawgyicode:

ရာဇဝတ်မှု့တွေ ကျူးလွန်နေတဲ့ တပ်တော်က တာဝန်ရှိသူတွေကို ဒဏ်ခတ်အရေးယူပေးဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

မြန်မာနိုင်ငံမှာ တွေ့ကြုံနေရတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေအတွက် တပ်မတော် အဆင့်မြင့်အရာရှိတွေ၊ သူတို့ရဲ့လက်အောက်ခံ အရာရှိတွေနဲ့ တာဝန်ရှိသူတွေကို တာဝန်ခံမှုရှိစေဖို့နဲ့ ဒဏ်ခတ်အရေးယူဖို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုလိုက်ပါသည်။

(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောဆိုခဲ့တာ ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ပြီး တရားခံအားလုံးကို သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ယူမှု့နဲ့ တာဝန်ခံမှု့ရှိရမှာဖြစ်ပြီး တရားခုံရုံးတွေအနေနဲ့ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ထိုက်တန်တဲ့ အပြစ်ဒဏ်တွေ ချမှတ်ပေးရမှာဖြစ်တယ်လို့ သူကပြောပါသည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူကို တပ်မတော်အနေ ကျည်ဆန်အစစ်သုံးပြီး လွန်စွာ အင်အား သုံးပစ်ခတ်ခြင်း၊ တရားမဝင် ဖမ်းဆီးထိန်းသိမ်းခြင်း၊ နှိပ်စက်ခြင်း၊ ဥပ‌ဒေနဲ့အညီ အယူခံလျှောက်ထားခွင့်ကို ပိတ်ပင်ထားခြင်း၊ စွပ်စွဲခံထားရသူတွေအနေနဲ့ ဥပဒေကြောင်းအရ ကိုယ်စားပြုမှုမရရှိခြင်း စတာတွေကို ချိုးဖောက်နေတယ်လို့ အောက်တိုဘာ (၂၂) ရက်နေ့က နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

တပ်မတော်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေက တိုင်းရင်းသားတွေအပေါ် ဖိစီးနှိပ်စက်မှု၊ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖမ်းမှု၊ လူမဆန်စွာနှိပ်စက်မှုတို့ကို ကျူးလွန်နေတာကို တွေ့ကြရတယ်လို့ သူက ပြောဆိုခဲ့တာဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *