အခြေခံပညာသင်ကြားလိုသည့် နိူင်ငံခြားရောက်မြန်မာ့ကလေးများလျှောက်လွှာများတင်ရန် ပညာရေးဝန်ကြီးဌာနကြေညာ

အခြေခံပညာသင်ကြားလိုသည့် နိုင်ငံခြားရောက်မြန်မာကလေးများ လျှောက်လွှာများပေးပို့ကြဖို့ သံရုံးများကတဆင့် နစကပညာရေးဝန်ကြီးဌာနအကြောင်းကြား

၂၀၂၁ -၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား မကြာမီဖွင့်လှစ်တော့မည်ဖြစ်၍ အခြေခံပညာသင်ယူခြင်းအစီအစဉ်ဆောင်ရွက်လိုကြသည့် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားကလေးများ ဝင်ခွင့်လျှောက်လွှာများလျှောက်ထားနိုင်ပြီဟု နစကပညာရေးဝန်ကြီးဌာနက မြန်မာသံရုံးများမှ တဆင့် အသိပေးအကြောင်းကြားစာများပေးပို့ထားသည်။

အခြေခံပညာသင်ယူခြင်း အစီအစဉ်သို့ တက်ရောက်လိုသည့် ကျောင်းသား/သူများအနေဖြင့် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖြည့်စွက်ထားသည့် ပူးတွဲပါ ဝင်ခွင့်လျှောက်လွှာ (၂) စုံစီ (ဓာတ်ပုံကပ်လျက်)၊ ကျောင်းသားနှင့် အုပ်ထိန်းသူတို့၏ နိုင်ငံကူး လက်မှတ်မိတ္တူ အမျိုးအစားနှင့် ဗီဇာတံဆိပ်တုံးပါရှိသည့် စာမျက်နှာမိတ္တူတို့ ပူးတွဲလျက် မြန်မာ သံရုံးသို့ ၂၇-၁၀-၂၀၂၁ ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ ပြန်လည်ပေးပို့ပေးပို့ရန်လည်း အကြောင်းကြားထားသည်။

နစကပညာရေးဝန်ကြီးဌာန၏ အကြောင်းကြားစာကို နိုင်ငံခြားတိုင်းပြည်အသီးသီးရှိ မြန်မာသံရုံးများက ပြန်လည်ဖြန့် ဝေ အသိပေးမှုများပြုလုပ်နေကြသည်ဟု ပြည်ပရောက်မြန်မာတစ်ဦးကပြောသည်။

နစကက ကိုဗစ်ကြောင့် ပိတ်ထားရသည့် အခြေခံပညာကျောင်းများကို အောက်တိုဘာကျောင်းရက်ရှည်ပိတ်သည့် ကာလအကျော်တွင် ပြန်ဖွင့်ရန်စီစဉ်နေကာ လတ်တလောတွင် အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကျောင်းသားများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေသည်။ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်မှ ပြန်ဖွင့်မည်ဟု နစကဘက်က ပြောဆိုထားသည်။

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *