မြန်မာစစ်ကောင်စီကို ပစ်မှတ်ထား အရေးယူမည့် အမေရိကန် Burma Act ဥပဒေကြမ်း အတည်ပြုနိုင်ရေး အမေရိကန်လွှတ်တော်အမတ် ၃ ဦးနှင့် USACM တွေ့ဆုံ

Unicode:

မြန်မာပြည်သူများကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေသော မင်းအောင်လှိုင် ဦးဆောင်သည့် ဖက်ဆစ် စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူမည့် အမေရိကန် Burma Act ဥပဒေကြမ်း ရှေ့ဆက် အသက်ဝင်လာရေး တွန်းအားပေးရေးအတွက် U.S Advocacy Coalition for Myanmar – USACMမှ ကိုယ်စား လှယ် ၃ ဦးသည် အမေရိကန် လွှတ်တော်အမတ် ၃ ဦးနှင့် သွားရောက်တွေ့ဆုံကြောင်း USACMက သတင်းထုတ်ပြန်ထားပါသည်။

အမေရိကန်လွှတ်တော်အမတ်များဖြစ်ကြသည့် Senator Ben Cardin ၊ Steny Hoyer နှင့် Senator Jim Inhofe တို့ကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် သွားရောက်တွေ့ဆုံကြောင်း၊ USACMက Burma Act ဖြစ်ပေါ်လာရေး ဦးဆောင်ကြိုးစားသူ Senator Cardin ကျေးဇူးတင်ကြောင်း ပြောဆိုပြီး ဥပဒေကြမ်း ဆက်လက် အသက်ဝင်လာရေး နှင့် ဥပဒေအတွင်းပါဝင်သော အရေးကြီးသည့် အချက်အလက်များနှင့်ပတ်သက်ပြီး အတိုချုံး ဆွေးနွေးပြောဆိုကြကြောင်း သိရှိရပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *