မိသားစုကိုအရမ်းလွမ်းတဲ့အကြောင်းစိတ်မကောင်းစွာပြောလာတဲ့ အေးမြတ်သူ

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ မှန်ကန်တဲ့ဘက်ကနေ ရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်များထဲတွင် သရုပ်ဆောင်  အေးမြတ်သူလည်း တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ နေ့စဉ်လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်တွေကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး လိုအပ်တဲ့နေရာတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပါဝင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ဓမ္မဘက်ကနေ ရပ်တည်ပေးခဲ့တာကြောင့်အေးမြတ်သူအား ပုဒ်မ ၅၀၅(ကဖြင့် တရားစွဲဆို အရေးယူထားတာ ဖြစ်ပါတယ်။ 

အရေးယူခံထားရတဲ့ အနုပညာရှင်များကတော့ သူတို့ရဲ့ လုံခြုံမှုအတွက် ဘေးကင်းရာသို့ တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ သို့သော်လည်း အမှန်တရားအတွက် ရောက်ရာနေရာကနေ တော်လှန်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ ပရိသတ်များကလည်း သူတို့ချစ်ခင်အားပေးခဲ့ရတဲ့ အနုပညာရှင်တွေ အခုလိုတိမ်းရှောင်နေရတဲ့အတွက်စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ်။ မနေ့ညက အေးမြတ်သူရဲ့Instagram Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ သူမရဲ့ မိသားစုဝင်ပုံလေးကို တင်ထားကာ သတိရနေတဲ့အကြောင်း “ Missing….” ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ မိသားစုကို အရိပ်တကြည့်ကြည့်နဲ့ အမြဲဂရုစိုက်တတ်တဲ့ မမြတ်လေးတစ်ယောက်  သူမချစ်ရတဲ့သူတွေနဲ့ အခုလိုအချိန်အကြာကြီးခွဲခွာနေရတာ တော်တော်လေးကို စိတ်မကောင်းဖြစ်နေမှာ သေချာပါတယ်။အခြေအနေအရပ်ရပ်ကြောင့်  မိသားစုတွေနဲ့ခွဲခွာပြီး တိမ်းရှောင်နေရသူများအားလုံး အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *