ချင်းပြည်နယ်တွင်စစ်ကောင်စီသောင်းကျန်းမှု့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ နှစ်သောင်းကျော်ရှိလာ

Unicode:

ချင်းပြည်နယ်တွင်စစ်ကောင်စီသောင်းကျန်းမှု့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ နှစ်သောင်းကျော်ရှိလာခဲ့ကြာင်းသိရှိရပါသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ချင်းပြည်နယ်အတွင်း တိုက်ပွဲများနှင့် မတည်ငြိမ်သည့် လုံခြုံရေး အခြေအနေများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ နှစ်သောင်းကျော် ရှိလာကြောင်း UN OCHA Myanmar က အောက်တိုဘာ ၁၉ တွင် ထုတ်ပြန်ခဲ့ပါသည်။

“ချင်းပြည်နယ်က နေရပ်စွန့်ခွာထွက်ပြေးလာရသူဦးရေဟာ ၂၁,၄၂၀ အထိရှိလာပြီး သိသိသာသာ ဆက်လက် မြင့်တက်လျက်ရှိပါတယ်။ အောက်တိုဘာ ပထမရက်သတ္တပတ်ထဲမှာ မင်းတပ်နဲ့ကန်ပက်လက်္မြို့ပေါ်က လူထောင်ပေါင်းများစွာ ထပ်မံနေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်” ဟု UN OCHA က ထုတ်ပြန်ခဲ့ပါသည်။

ချင်းပြည်နယ်အတွင်းက ဒေသကာကွယ်ရေးတပ်များနှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းများထံတွင် ခိုလှုံနေကြရသူများ ရှိသလို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ တိမ်းရှောင်ကြရသူများလည်း ရှိနေသည်ဟု သိရှိရပါသည်။

“အဆင်ပြေရင် အဲဒီဖက်ကို ပြန်သွားတာမျိုး ဘယ်လိုပြောရမလဲ။ ဒီဖက်မှာ သူတို့မြို့က ထန်တလန်ဆိုလို့ရှိရင် စစ်ရှောင်တယ်ကွာ။ ဒါပေမယ့် မီဇိုရမ်ဘက်ရောက်သွားတဲ့သူလည်းရှိတယ်။ ဒါပေမယ့် လမ်းတစ်ဝက်မှာ ကိုယ့် အမျိုးတွေဆီမှာ ကျန်ခဲ့သူတစ်ချို့လည်း ရှိတယ်” ဟု တိုက်ပွဲရှောင်တစ်ဦးဖြစ်သူ အက်စတာကိုလတ် (အမည်လွှဲ)က ပြောပါသည်။

ထို့အတူ ချင်းပြည်နယ်နှင့် နီးစပ်သည့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း တိုက်ပွဲကြောင့် နေရပ်စွန်ခွာထွက်ပြေးသူဦးရေ စုစုပေါင်း ၁၉,၄၅၀ ခန့်သည်လည်း တိမ်းရှောင်ထွက်ပြေးနေရသည်ဟု UN OCHA က ထုတ်ပြန်ခဲ့သည်။

တပ်မတော်နဲ့ ရခိုင့်တပ်တော် (AA) ကြားက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၇,၆၀၀ ခန့်မှာ ချင်း ပြည်နယ်၊ ပလက်ဝမြို့ရှိ ယာယီစခန်းများတွင် နေထိုင်လျက်ရှိသည်ဟု ဖော်ပြထားပါသည်။

လက်ရှိတွင် တိုက်ပွဲရှောင်များကို လူသားချင်းစာနာမှု့လုပ်ငန်းဆောင်ရွက်သူ မိတ်ဖက်္များမှ အစားအစာနှင့် အကာအကွယ်ပေးရေးဝန်ဆောင်မှု့အပါအဝင် အရေးပေါ်အကူအညီများ ပေးအပ်နိုင်ရန် ကြိုးစားနေသော် လည်း သွားလာခွင့်ဆိုင်ရာ စိန်ခေါ်မှု့များနှင့် လုံခြုံရေးအခြေအနေများကြောင့် နှောင့်နှေးကြန့်ကြာမှုများနှင့်လည်း ရင်ဆိုင်နေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် လုံခြုံရေးကြောင့် ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ် နှင့် မကွေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးများတွင် လူဦးရေ ၂၁၈,၉၀၀ ခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးလျက်ရှိသည်ဟု UN OCHA က ထုတ်ပြန်ခဲ့သည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *