စစ်ကောင်စီမှကျေးရွာတစ်ရွာလုံးကို ရစရာမရှိအောင် မွေနှောက်ဖျက်စီးခံရ

စစ်ကောင်စီတပ် တစ်ညအိပ်ခဲ့သည့် ရမ်ထလိုကျေးရွာ လူနေအိမ် ၁၀၀ ကျော်ဖောက်ထွင်းခံရ၊ ၀က်နဲ့ကြက်များ သတ်ပြီး ချက်ပြုပ်

အောက်တိုဘာ ၁၉ ရက်နေ့တွင် ဟားခါး-ဖလမ်းကြား ရမ်ထလိုကျေးရွာသို့ စစ်ကောင်စီတပ်များ ရောက်ရှိခဲ့ပြီး ဘုရားကျောင်းများတွင် ညအိပ်ကာ လူနေအိမ် ၁၀၀ ကျော်ဖောက်ထွင်းခံရတယ်လို့ ကျေးရွာလူငယ်တွေက The Chin Journal ကို ပြောပါတယ်။

“ကျနော်တို့ရွာမှာ အိမ်ခြေ ၁၆၀ ကျော်ရှိတယ်။ အိမ် ၁၀၀ ကျော်ဖောက်ထွင်းခံရတယ်။ ၀◌က်နဲ့ကြက် တော်တော်များများ သတ်ဖြတ်ကြတယ်။ သူတို့ ပစ်သတ်ထားတဲ့ ၀◌က်တစ်ကောင်ကိုတော့ ဆာလာအိတ်ထဲထည့်ပြီး အဲအတိုင်း လမ်းမှာဘဲထားသွားကြတယ်။ သူတို့ ၀◌င်မွှေပြီး ခိုးယူသွားတဲ့ အိမ်ထဲကပစ္စည်းစာရင်းကိုတော့ အတိကျမရနိုင်သေးဘူး” လို့ လူငယ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားများ ရွာထဲ၀◌င်မလာခင် ရက်ပိုင်းအလိုတွင် ရွားသားအားလုံး တောထဲတောင်ထဲထွက်ပြေးကြပြီး ယခုအချိန်အထိ အိမ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

ရမ်ထလိုသည် ဟားခါးနဲ့ ၂၂မိုင် အကွာတွင်တည်ရှိသည့် ဖလမ်း-ဟားခါး ကားလမ်းမ‌ေပါ်က ကျေးရွာတစ်ခုဖြစ်သည်။

ဖလမ်းဘက်မှ တက်လာသော စစ်ကောင်စီတပ်သည် ချင်းကာကွယ်ရေးတပ်များဖြစ်ကြသည့် CNA/CDF/CNDF တို့၏ ကြားဖြတ်တိုက်ခိုက်မှုများ အကြီမ်ကြီမ်ကြုံတွေ့ရပြီး ယနေ့နေ့လယ်ပိုင်းတွင် ဟားခါးမြို့နယ်၊ ချွနိကျုံးကျေးရွာကို ရောက်ရှိနေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *