G-7 အာဆီယံအစည်းအဝေးပွဲကို စစ်ကောင်စီ အွန်လိုင်းကတတ်ရောက်နိူင်ဖွယ်ရှိနေ

ကမ္ဘာ့စီးပွားရေး အင်အားကြီး ၇ နိုင်ငံဖြစ်သည့် G7 နှင့် အာဆီယံ ဝန်ကြီးများ အစည်းအဝေးသို့ မြန်မာစစ်ကောင်စီဘက်က အွန်လိုင်းမှတဆင့် တက်ရောက်နိုင်​ဖွယ်ရှိသည့်အပေါ် စိုးရိမ်ပူပန်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့တချို့ ကြေညာချက် ထုတ်သည်။

ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် Burma Campaign UK က အောက်တိုဘာလ ၂၀ ရက်တွင် ၎င်းတို့၏ ဝက်ဘ်ဆိုက်၌ ကြေညာထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်က ဗြိတိသျှပါလီ မန်တွင် ဗြိတိန်အစိုးရ၏ အာရှရေးရာ နိုင်ငံခြားရေးဝန် ကြီး မစ္စ Amanda Milling က G7 အာဆီယံ အစည်း အဝေးသို့ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို လူကိုယ် တိုင်တက်ရောက်ရန် ဖိတ်ကြားမည် မဟုတ်ကြောင်း ဖြေ ကြားချက်ကို ကြိုဆိုကြောင်း၊ သို့သော်လည်း ဝန်ကြီး၏ ပြောကြားချက်အရ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို အွန်လိုင်းမှတဆင့် တက်ရောက်ခွင့်ရနိုင်ရန် လမ်းဖွင့်ထားသည့် သဘောဖြစ်နေသဖြင့် စိုးရိမ်မိကြောင်း Burma Campaign UK ၏ ကြေညာချက်တွင် ပါရှိသည်။

ယခု ဆုံးဖြတ်ချက် မတိုင်မီက မြန်မာပြည်၏ တရားဝင်အစိုးရအဖြစ် တောင်းဆိုနေသည့် မြန်မာစစ်တပ်နှင့် ပတ်သက်ပြီး ဗြိတိန်အစိုးရ၏ ချည်းကပ်မှုများမှာ စိတ် ပျက်ဖွယ်ရာ ဖြစ်ခဲ့ရကြောင်း Burma Campaign UK က ဝေဖန်သည်။

ယခင်က ဗြိတိန်အစိုးရသည် ဗြိတိန်ဆိုင်ရာ မြန်မာသံ အမတ်ကြီးကို စစ်ကောင်စီဘက်က တရားမဝင် ထုတ် ပယ်ခြင်းအား လက်ခံခဲ့ပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသည်လည်း အာဆီယံ အစည်းအဝေးများတွင် မြန်မာစစ်တပ် ကိုယ်စားလှယ်နှင့်အတူ အွန်လိုင်းမှတဆင့် အစည်းအဝေး တက်ဖူးကြောင်း အဆိုပါအဖွဲ့က ထောက် ပြသည်။

G7 နှင့် အာဆီယံဝန်ကြီးများ အစည်းအဝေးကို လာမည့် ဒီဇင်ဘာလတွင် ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့၌ ကျင်းပနိုင်ရန် ဗြိတိန်အစိုးရက စီစဉ်နေခြင်း ဖြစ်သည်။

Zawgyi/

Leave a Reply

Your email address will not be published.