မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နိူင်ဖို့ မလေးရှားအနေဖြင့် အာဆီယံမှုဝါဒတစ်ချိူ့ကိုပြန်လည်သုံးသပ်တော့မည်

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုရွားလာချိန်မှာ အာဆီယံအဖွဲ့၀င်နိုင်ငံတွေအနေနဲ့ ကာလကြာရှည်ကိုင်စွဲကျင့်သုံးခဲ့တဲ့ ၀င်ရောက်စွက်ဖက်မှုမပြုရေး မူဝါဒကို ပြန်လည်စဉ်းစားသင့်တယ်လို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီး Saifuddin Abdullah က အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဧပြီလမှာ ရရှိခဲ့တဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှု အားနည်းတယ်ဆိုပြီး လာမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကနေ နစကကောင်စီ ဥက္ကဌကို ချန်လှပ်ဖို့ ပြီးခဲ့တဲ့ သောကြာနေ့က အစည်းအဝေးမှာ အဖွဲ့၀င်နိုင်ငံကတွေက မကြုံစဖူး ဆုံးဖြတ်လိုက်ပါတယ်။

အစည်းအဝေးတက်ရောက်ဖို့အတွက် နိုင်ငံရေးနဲ့မဆက်နွယ်တဲ့သူတစ်ယောက်ကို ဖိတ်ကြားမယ်လို့ ဆိုပါတယ်။

အစည်းအဝေးကနေ ချန်လှပ်ဖို့ကိစ္စကို မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့က တွန်းအားပေးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ယိုယွင်းနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး အာဆီယံအနေနဲ့ ၀င်မစွက်ဖက်ရေး မူဝါဒအပေါ် ပြန်လည်သုံးသပ်မှုတွေပြုလုပ်သင့်တယ်လို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီးကပြောပါတယ်။

၀င်မစွက်ရေးမူဝါဒဟာ အာဆီယံရဲ့ ထိရောက်တဲ့ဆုံးဖြတ်ချက်တွေကို အလျင်အမြန်ချနိုင်စွမ်းမရှိကြောင်း၊ အပြုသဘော ထိတွေ့ဆက်ဆံမှု သို့မဟုတ် ဥပေက္ခာမပြုတဲ့ မူဝါဒတစ်ရပ်ကို ရှေးရှုချမှတ်သင့်တယ်လို့ သူက ပြောပါတယ်။
zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *