(၅)လကြာအတူတူတိုက်ပွဲဝင်ရင်းဖြတ်သန်းခဲ့ကြသည့်စုံတွဲလေး

ဒီနေ့က အမှန်တော့ ကိုယ်တို့နှစ်ယောက် စောင့်နေခဲ့တဲ့ လက်ထပ်ကြမယ်ဆိုတဲ့ ၃ နှစ်ပြည့်တဲ့နေ့

Pre wedding လှလှလေးရိုက်ကြမယ်ဆိုပြီးလဲ အားရပါးရကို တွေးပြီး ဘယ်လိုလေးဝတ်ကြမယ် ဆိုတာကအစ ကြိုပြီးစိတ်ကူးယဉ်ခဲ့ကြတာပေါ့ အနာဂတ်အိမ်မက်တွေဟာ တစ်ခုမှဖြစ်မလာသေးပေမဲ့ ပိုကောင်းတဲ့ အနာဂတ်အတွက် ဒီနေရာကိုရောက်ပြီး အတူတိုက်ပွဲဝင်နေတာ ခုဆို ၅လနီးပါးရှိသွားပြီ

သူမရှိပဲကိုယ်တစ်ယောက်တည်းဆို ဒီလမ်းကို ဘယ်လိုမှ ဆက်လျှောက်နိုင်မယ်မထင်ပါဘူး ကိုယ့်ကိုအပြည့်အဝယုံကြည်ပေးပြီး ကိုယ်လုပ်ချင်တဲ့အရာအတွက် ဘေးကနေအမြဲရှိနေပေးပြီး ပါရမီဖြည့်ပေးနေလို့သာ ကိုယ်လုပ်ချင်တဲ့အရာတွေဆက်လုပ်နိုင်တာပါ

ဖြစ်မလာသေးတဲ့အိမ်မက်လေးတွေကို တော်လှန်ရေး အောင်မြင်တဲ့တစ်နေ့ အတူတူကြိုးစားပြီး အကောင်အထည်ဖော်ကြတာပေါ့ အမြဲပြောဖူးသလို ဒါတွေအားလုံးပြီးသွားရင် Pre Wedding လှလှလေးရိုက်ပြီး Wedding Day ကို ဘုရားရှေ့လူရှေ့မှာ ကျင်းပကြမယ်

ဒီ၃နှစ်ဆိုတဲ့ အချိန်လေးနဲ့မကနိုင်အောင် ပျော်ရွှင်ရပြီး ချစ်ပေးတာမို့ ကျေးဇူးအများကြီးတင်ပါတယ် ဒီတော်လှန်ရေးကြီးပြီးဆုံးသွားတဲ့အချိန်ထိ အရာအားလုံးကို အတူတူရင်ဆိုင်ဖြတ်သန်းကြတာပေါ့

zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *