စစ်ကောင်စီကိုအရေးယူမှုပိုမိုပြုလုပ် သံအမတ်အကြီးနှင့် အမေရိကန်ဝန်ကြီးတွေ့ဆုံ

သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ၊ စစ်ကောင်စီ၏ ပြည်ပ ငွေကြေးပိုင်ဆိုင်မှု ထိန်းချုပ်ရေး အပါ အဝင် G7 နိုင်ငံများနှင့် နိုင်ငံတကာက မြန်မာစစ်တပ်ကို ဖိအားပေးမှု ပြင်းထန်လာ

မြန်မာ့အရေးတွင် နိုင်ငံတကာ က တစ်သံတည်းထွက်ပြီး ဖိအားပေးမှု တိုးမြှင့်ရေး အတွက် NUG အမျိုးသားညီညွတ်ရေးအစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman တို့ အောက်တိုဘာလ ၁၉ ရက်နေ့ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် တွေ့ဆုံကြကြောင်း အမေရိကန်က သတင်းထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ့အရေး နိုင်ငံတကာက တစ်သံတည်း ထွက်၍ ဖိအားပေးကြရန်နှင့် စစ်ကောင်စီကို အကြမ်းဖက်မှုများ ချက်ချင်းရပ်ဆိုင်းရေး၊ ဖမ်းဆီးထားသူများ အားလုံး ပြန်လွှတ်ပေးရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ အားလုံးပါဝင်ပြီး ပြန်လည် လျှောက်လှမ်းရေးကို တောင်းဆိုကြောင်း အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

အလားတူ မြန်မာ့အရေးအတွက် အာဆီယံနိုင်ငံများနှင့် အာရှနိုင်ငံများထံ ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ကလည်း အောက်တိုဘာလ ၂၀ ရက်နေ့တွင် စင်ကာပူအစိုးရ တာ ဝန်ရှိသူများနှင့်တွေ့ဆုံ၍ စစ်ကောင်စီ၏ ငွေကြေးပိုင်ဆိုင်မှုများကို ထိန်း ချုပ် ရန် ဆွေးနွေးကြောင်း သိရှိရသည်။

ယမန်နေ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံမှုတွင် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ၊ အာဆီယံ အထူးကိုယ်စားလှယ်နှင့်ပူးပေါင်းဆောင်ရွက်ရေး မြန်မာစစ်ကောင်စီကို တွန်းအားပေးရေးကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အရှေ့တောင်အာရှ သုံးနိုင်ငံခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာန အတိုင်ပင်ခံ Derek Chollet သည် လက်ရှိတွင် စင်ကာပူနိုင်ငံရောက်ရှိနေကြောင်း ၊ လွန်ခဲ့သော ရက်ပိုင်းအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Cholletသည် ထိုင်းနိုင်ငံတွင် မြန်မာ့အရေး ဖိအားပေးရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံခရီးစဉ်တွင် အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာန အတိုင်ပင်ခံ Derek Chollet သည် မြန်မာ့အရေး ဖိအားပေးရန် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီးလည်းဖြစ်၊ အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲလည်းဖြစ်သည့် Don Pramudwinai နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ထိုင်း-မြန်မာနယ်စပ်မှတဆင့် မြန်မာပြည်သူများကို ကူညီရန် အမေရိကန်ပြည်ထောင်စုနှင့် ထိုင်းနိုင်ငံအကြား ဆွေးနွေးကြကြောင်း သိရှိရသည်။

အမေရိကန်အပြင် နိုင်ငံတကာ၏ ဖိအားကလည်း တိုးမြှင့်လျက်ရှိရာ မြန်မာစစ်ကောင်စီကို G7 ကမ္ဘာ့ စီးပွားရေးအင်အားကြီး ၇ နိုင်ငံနှင့် အာဆီယံပူးတွဲ အစည်း အဝေး တက်ခွင့်မပြုရန် အိမ်ရှင် ဗြိတိန်က ဆုံးဖြတ်ကြောင်း၊ ယခုလာမည့် ဒီဇင်ဘာတွင် ပြုလုပ်မည့် G7-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်း အဝေးတွင် မြန်မာစစ်ကောင်စီကို လူကိုယ်တိုင်တတ်ရောက်ရန် ဖိတ်ကြားမည်မဟုတ်ကြောင်း အာရှဆိုင်ရာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက တရားဝင် ထုတ် ဖော်ပြောဆိုသည်။

အမေရိကန်ဘက်ကမူ မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ခွင့် မပေးရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ ဆုံးဖြတ်ချက်သည် ထူးခြားကောင်းမွန်သော်လည်းထိုထက်ပို၍လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ အရှေ့အာရှနှင့် သမုဒ္ဒရာနိုင်ငံများဆိုင်ရာ ညွှန်ကြားရေးမှူး Edgard Kagan က ဝါရှင်တန်အခြေစိုက် မဟာဗျုဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာနတွင် ဗုဒ္ဓဟူးနေ့ ကျင်းပသည့် ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

ဓာတ်ပုံ- ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman တို့ အောက်တိုဘာလ ၁၉ ရက်နေ့ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် တွေ့ဆုံစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *