ယနေ့ ဒေါက်တာဆာဆာရဲ့ သီတင်းကျွတ် ဆုတောင်းစကားနှင့် သတင်းကောင်း

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာမှ မြန်မာပြည်သူပြည်သားများအားလုံး သီတင်းကျွတ် မီးထွန်းပွဲတော်အခါသမယတွင် ဘေးကင်းလုံခြုံပြီး ကျန်းမာပျော်ရွှင်စေရန်အတွက် မေတ္တာပို့ ဆုတောင်းစကား။

ယနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်၊ ယနေ့သည် အလင်းပွဲတော်နေ့ဖြစ်သည်၊ ယနေ့သည် မေတ္တာအလင်းရောင် အခမ်းအနား၊ လွတ်လပ်မှုအလင်းရောင်အခမ်းအနား၊ မျှော်လင့်ချက်နှင့် ငြိမ်းချမ်းရေး အလင်းရောင်ထွန်းကားသော နေ့ထူးနေ့မြတ်ဖြစ်သည်။ သီတင်းကျွတ်လ၏ ဤမီးထွန်းပွဲသဘင်သည် မြန်မာပြည်သူများအတွက် ထူးမြတ်သောအခါသမယ ဖြစ်သည်။

ယနေ့သည် ချစ်ခြင်းမေတ္တာအလင်းရောင်ကို ကျွန်ုပ်တို့၏ပြည်သူများနှင့် တိုင်းပြည်အပေါ်သို့ ထုတ်ဖော်ပြသသည့် နေ့ထူးနေ့မြတ်ဖြစ်ပြီး၊ တိုင်းပြည်နှင့် လူမျိုးအပေါ် သေဆုံးခြင်းနှင့် ဖျက်ဆီးခြင်း အမှောင်ထုကို ယူဆောင်လာသည်မျှမကပဲ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ၊ လွတ်လပ်ခြင်း၊ ဒီမိုကရေစီ၊ ကျွန်ုပ်တို့၏ အိပ်မက်များနှင့် အနာဂတ်များကို ရက်စက်ယုတ်မာစွာ အကြမ်းဖက် ခိုးယူထားသည့် လူမျိုးတုံးသတ်ဖြတ်နေသော စစ်အာဏာရှင်များ မျက်မှောက်၌ ရဲစွမ်းသတ္တိရှိသော မြန်မာပြည်သူများက ချစ်ခြင်းမေတ္တာအလင်းရောင်ကို ကျွန်ုပ်တို့၏ပြည်သူများနှင့် တိုင်းပြည်အပေါ်သို့ နေ့စဉ်နှင့်အမျှ မပျက်မကွက် ပြသလျက်ရှိသည်။

နေ့စဉ်နှင့်အမျှ အကြမ်းဖက်စစ်အာဏာရှင်တို့သည် သေဆုံးခြင်းနှင့်ဖျက်ဆီးခြင်းကို ကျွန်ုပ်တို့အပေါ်၌ ကျရောက်စေသော်လည်း မြန်မာပြည်သူများသည် ဘဝအလင်းရောင်၊ လွတ်လပ်မှု၊ မျှော်လင့်ချက်၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ အနာဂတ်ကို ဆောင်ကြဉ်းပေးနေကြသည်။ နေ့စဉ်နှင့်အမျှ၎င်းတို့က ဖိနှိပ်မှုအမှောင်ထုကို ယူဆောင် လာကြသော်လည်း မြန်မာပြည်သူများက လွတ်လပ်မှုနှင့် ဘဝအလင်းရောင်ကို ဆောင်ကြဉ်းပေးနေကြသည်။

နေ့စဉ်နှင့် အမျှ၎င်းတို့က ကြောက်လန့်ခြင်းနှင့် အိပ်မက်ဆိုးများကို ယူဆောင်လာကြသော်လည်း မြန်မာပြည်သူများက ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဆောင်ကြဉ်းပေးနေကြသည်။ နေ့စဉ်နှင့်အမျှ၎င်းတို့က နာကျင်ခြင်းဝေဒနာနှင့် ဆင်းရဲဒုက္ခများကို ယူဆောင် လာကြသော်လည်း မြန်မာပြည်သူများက သက်သာခြင်း၊ အနာရောဂါငြိမ်းခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းခြင်း ကိုဆောင်ကြဉ်းပေးနေကြသည်။ နေ့စဉ်နှင့်အမျှ၎င်းတို့က မငြိမ်မသက်မှုများနှင့် ရုန်းရင်းဆန်ခတ်အခြေအနေများကိုသာ ယူဆောင်လာကြသော်လည်း ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသည့် မြန်မာပြည်သူများက တည်ငြိမ်မှုနှင့် ငြိမ်းချမ်းခြင်းကို ဆောင်ကြဉ်း ပေးနေကြသည်။ နေ့စဉ်နှင့်အမျှ၎င်းတို့က အာဏာရှင်ဆန်မှု၊ လူသားမဆန်ခြင်းနှင့် ရက်စက်ယုတ်မာမှုများကို ယူဆောင်လာကြသော်လည်း မြန်မာပြည်သူများက လွတ်လပ်ခြင်း၊ လူသားဆန်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို ဆောင်ကြဉ်း ပေးနေကြသည်။

နေ့စဉ်နှင့်အမျှ ၎င်းတို့က မျှော်လင့်ချက်မဲ့ခြင်းနှင့် အကူအညီမဲ့ရန် လုပ်ဆောင်နေသော်လည်း မြန်မာပြည်သူ များက မျှော်လင့်ခြင်းနှင့် အကူအညီများကို အပြည့်အဝ ဆောင်ကြဉ်းပေးနေကြသည်။ နေ့စဉ်နှင့်အမျှ၎င်းတို့က အကြမ်းဖက် ခြင်းနှင့် အိပ်မက်ဆိုးအမှောင်ထုကို ယူဆောင်လာသော်လည်း မြန်မာပြည်သူများက လွတ်လပ်သည့် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် မျှော်လင့်ခြင်းရောင်ခြည်ကို ဆောင်ကြဉ်း ပေးနေကြသည်။

ချစ်လှစွာသောတိုင်းသူပြည်သားများ၊ သူရဲကောင်းများနှင့် မိဘပြည်သူများအားလုံးခင်ဗျာ၊ ဤနွေဦးတော်လှန်ရေးသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် လွတ်လပ်ခြင်းအလင်းရောင်ကို ပြန်လည်ဆောင်ကြဉ်း ခြင်းဖြစ်ပြီး အဓ္ဓမမှောင်ထုကို ဓ္ဓမအလင်းဖြင့်သော်လည်းကောင်း၊ ကြောက်လန့်ခြင်းအ

မှောင်ထုကို လွတ်လပ်ခြင်းအလင်းဖြင့် သော်လည်းကောင်း၊ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ်အမှောင်ထုကို အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်အလင်း ဖြင့်သော်လည်းကောင်း၊ အမုန်းတရား အမှောင်ထုကို ချစ်ခြင်းမေတ္တာအလင်းဖြင့်သော်လည်းကောင်း၊ သေဆုံးခြင်း အမှောင်ထုကို ဘဝအလင်းဖြင့်သော်လည်းကောင်း၊ မျှော်လင့်ချက်မဲ့ခြင်း အမှောင်ထုကို မျှော်လင့်ချက်ပြည့်ဝသော အလင်းဖြင့် သော်လည်းကောင်း၊ ဆင်းရဲမွဲတေခြင်းအမှောင်ထုကို သာယာဝပြောခြင်းအလင်းဖြင့်သော်လည်းကောင်း၊ ကိုယ်ကျိုးအတွက် မြန်မာပြည်သူများအပေါ် အကြောက်တရားနှင့် အုပ်ချုပ်သည့် စစ်အာဏာရှင်များ၏ အမှောင်ထုကို ဖက်ဒရယ်ဒီမိုကရက်တစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေစိုးမိုးရေး အလင်းဖြင့်သော်လည်းကောင်း အသီးသီး အစားထိုးလိမ့်မည်ဖြစ်သည်။

ယနေ့သီတင်းကျွတ်လပြည့်နေ့တွင် မှောင်မိုက်မှုပိုမို နက်နဲလာခြင်းက မနက်ဖြန် သီတင်းကျွတ်တွင် အလင်းရောင်ပိုမို တောက်ပလာ စေမည်ဖြစ်သည်။ နွေဦးတော်လှန်ရေး သီတင်းကျွတ်လပြည့်နေ့၏ အလင်းသည် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်အုပ်စိုးမှု၏ အမှောင်ထုကို မုချအနိုင်ပိုင်းလိမ့်မည်ဖြစ်သည်။

မြန်မာပြည်သူများအားလုံး သီတင်းကျွတ်လပြည့်နေ့တွင် ပျော်ရွှင်ချမ်းမြေ့ပြီး သာယာဝပြော ကြပါစေကြောင်း အလေးအနက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *