ရဲတိုက်အတွက် speak Outလုပ်ပေးကြဖို့ ဒါရိုက်တာ သည်ခေတ်နေတောင်းဆို

လက်ရှိမှာတော့ ရဲတိုက်ဟာ အင်းစိန်ထောင်မှာ ရောက်ရှိနေပြီး၊ သူ့ရဲ့ ကျန်းမာရေး မကောင်းဘူးလို့ ကြားသိရတာကြောင့် အနုပညာ အသိုင်းအဝိုင်းမှ ဒါရိုက်တာတဦး ဖြစ်တဲ့ သည်ခေတ်နေက ရဲတိုက်အတွက် Speak Out လုပ်ပေးကြဖို့ အခုလိုပဲ တောင်းဆိုခဲ့ပါတယ်။

သူ (ရဲတိုက်) ထောင်ထဲမှာ ကျန်းမာရေး မကောင်းဘူး ကြားတယ်။ သူပြန်လွတ်လာတဲ့အချိန်မှာ ဇာတ်ကားရိုက်ဖို့ဖုန်း ကြိမ်လောက် စကားပြောဖူးရုံက လွဲလို့ သူနဲ့ ကျနော် ဆုံမယ် ဆုံမယ်နဲ့ အခုထိလည်း မဆုံဖြစ်ခဲ့ကြပါဘူး

သူ့ရဲ့အနုပညာ၊ သူ့ရဲ့ရုပ်ရှင်တွေ မစခင် ဟိုးဗီဒီယို ခေတ်ဦးတည်းက ဆာတိုရီဆိုတာ ဗီဒီယိုလေး တကားကိုရုပ်ရှင်ကားကြီးတကားလို သေသေချာချာ ပြင်ဆင်ပြီးမှ ရိုက်ကူးခဲ့တဲ့ ကုမ္ပဏီကြီးတခုပါ။ အဲ့အချိန် ကျနော်ကဇာတ်ညွှန်း ၃၊ ပုဒ် စရေးခါစ။ တနေ့ ငါဒါရိုက်တာဖြစ်ရင် ဒီဘဲတွေနဲ့ ရအောင် ရိုက်မယ်လို့ စိတ်ကူးယဉ်ကောင်းနေတဲ့ အချိန်ပေါ့လို့ ဒါရိုက်တာ သည်ခေတ်နေက ဆိုပါတယ်။

ဆက်ပြီးရဲတိုက်ဆိုတာ ဆာတိုရီရဲ့တပင်တိုင်မင်းသား၊ ရဲတိုက်မှ ရဲတိုက်ခေတ်။ သူ့ဇာတ်လမ်းတွေက တခုနဲ့တခုမပြောနဲ့။ သူရိုက်ခဲ့တဲ့ ကြော်ငြာတွေမှာတောင် အိုင်တင် တခုနဲ့တခု မထပ်စေရဆိုတဲ့ ပါရမီ အလိုလို ပါလာတဲ့သူ၊ ဒါမှမဟုတ် ရုပ်ရှင်ဆီ သူချဉ်းကပ်ပုံကိုက သူတပါးနဲ့ မတူတာလည်း ဖြစ်နိုင်တယ်

အဲ့ဒီနောက်မှာတော့ အကြောင်းကြောင်းကြောင့် ရဲတိုက်နေရာမှာ ဆာတိုရီအတွက် နောက်ထပ် သရုပ်ဆောင်တဦးပေါ်ထွက်လာခဲ့ပါတယ်။ သူလည်း သူ့တန်ဖိုးနဲ့သူ ရှိပြီး တကယ်ကြိုးစား အောင်မြင်နေတဲ့ သရုပ်ဆောင်ကောင်း တယောက်ပါပဲ။ ကျနော့်အနေနဲ့ကျတော့ အစွဲအလမ်းကြီးတဲ့ ပရိသတ်တယောက်လို့ပဲ ပြောပြော၊ ကျနော် မျှော်နေမိတာက ရဲတိုက် အပြင်ကို ပြန်ရောက်လာမယ့် အချိန်ပါလို့ သည်ခေတ်နေက ပြောပါတယ်။

ဒါရိုက်တာ သည်ခေတ်နေကတော့ သူ ဇာတ်ညွှန်းရေးဆရာ ဘဝကတည်းက ရဲတိုက်ရဲ့ အိုက်တင်ကို သဘောကျခဲ့ပြီး၊ ရဲတိုက်နဲ့အတူ ဇာတ်ကား ရိုက်ဖူးချင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇာတ်လမ်းအသစ်တွေနဲ့ ရဲတိုက် ဇာတ်ကားတွေ ပြန်ကြည့်ရမယ့် အချိန်တခုရယ်၊ ပြီးတော့ သူနဲ့ ကျနော် အလုပ်အတူ တွဲလုပ်ကြမယ်ဆိုတဲ့ အချိန်တခုကိုပေါ့။ ဖြစ်နိုင်ရင် အဲ့အခွင့်အရေးကို ကျနော် ဒီနေ့အထိ မျှော်လင့်နေမိသေးတယ်။ ဒီနေ့အထိ သူ့အနုပညာကို ကျနော် အရမ်းလေးစားပါတယ်

အခုလို သူထောင်ထဲမှာ ကျန်းမာရေးမကောင်းဘူးဆိုတာ ကြားရတော့ စိတ်ထဲ တော်တော် မကောင်းဘူး။ သူကသူ့ဘဝ တလျှောက်လုံး သူကြိုက်တာသူ လုပ်ခဲ့တာတော့ မှန်ပါလိမ့်မယ်။ သူကြိုက်တာတွေ လုပ်နေရင်းနဲ့တောင်သူလုပ်ခဲ့တဲ့ နောက်ဆုံးတခုကို ကြည့်ရင် ပြည်သူတွေရဲ့ကြားထဲကနေ ရှေ့ဆုံးအထိ ရောက်အောင်ထွက်လာပြီးအာဏာရှင်ကို ဖီဆန်ခဲ့တာ အားလုံးအမြင်ပဲလေလို့ သည်ခေတ်နေက ဆိုပါတယ်။

အာဏာရှင်စနစ် အမြန်ဆုံး ပြုတ်ကျသွားခဲ့ရင်တောင် ရဲတိုက် နောက်တယောက် ထပ်ရဖို့ဆိုတာ မကျိန်းသေတော့ဘူးလို့ သည်ခေတ်နေက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *