Unicode:
‘တော်လှန်ရေးတစ်နေရာတွင်ေတာတွင်းညီအစ်ကိုများမှဦးစီး၍ မီးပုံးများနှင့် ဆီမီးသပိတ်ပြုလုပ် “ခဲ့ကြပါသည်။
ယနေ့ သီတင်းကျွတ်လပြည့်နေ့ညတွင် ညီအစ်ကိုများဦးစီး၍ ကဗျာမီးပုံးများချိတ်ဆွဲ၍ ဆီမီးသပိတ်ကို ပြုလုပ်ခဲ့ကြပါသည်။
အခမ်းအနားတွင်
– အာဇာနည်သူရဲကောင်းများအတွက် ငြိမ်သက်ဆုတောင်းခြင်း
– ကမ္ဘာမကြေဘူး၊ သွေးသစ္စာအစရှိသော တော်လှန်ရေးသီချင်းများ သီဆိုခြင်း
– တော်လှန်ရေးကို ဂုဏ်ပြုဟစ်ကြွေးသော ကဗျာများရွတ်ဆိုခြင်း
– သမဂ္ဂအလံတော်နှင့် တိုင်းရင်းသားညီအစ်ကိုတို့၏ အလံတော်များ ရိုက်နှိပ်ထားသော မီးပုံးအလုံး (၃၀)လွှတ်တင်၍ တော်လှန်ရေးသစ္စာပြု ဆုတောင်းခြင်း
– စစ်အာဏာရှင်ကျရှုံးရေး ကြွေးကြော်သံများပါဝင်သော ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆီမီးသပိတ်လုပ်ခြင်း
အစရှိသည့် အစီအစဥ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။
ကဗျာမီးပုံးအစီအစဥ်အတွက် ကဗျာများပေးပို့ပေးသော ဆရာ၊ဆရာမ တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါသည်။
ပူးပေါင်းပါဝင်သူအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။
ပြည်သူ့အရေးတော်ပုံ အောင်ကိုအောင်ရမည်။
Zawgyicode: