Unicode:
ဖလမ်းအခြေချ စစ်ကောင်စီတပ်မှ ဒုဗိုလ်လေး တပ်ပိုင်ငွေသိန်း ၂၀၀ ကျော် ယူပြီး မိန်းမခိုးပြေးသွား
ချင်းပြည်နယ်အခြချ တပ်ရင်း ခလရ (၂၆၈) မှ ဒုဗိုလ်ရဲရင့်သူသည် ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့တွင် တပ်အတွက်လစာ သိန်း ၂၀၀ ကျော်ကို ဖလမ်းမြို့ရဲစခန်းတွင် သွားထုတ်ပြီး အဆိုပါငွေများကိုယူဆောင်ကာ မိန်းမခိုး ပြေးသွားသည်ဟု ဒေသခံများအပြောအရသိရှိရပါသည်။
”ဖလမ်းကခလရ (၂၆၈)ကနှစ်ပွင့်နဲ့ ဒုဗိုလ်ရဲရင့်သူ ဆိုတဲ့သူကတပ်ရင်းရေးရာမှုး တပ်နဲ့ပတ်သက်တဲ့ဟာတွေ တာဝန်ယူရတာ။မနေ့ကရဲစခန်းမှာ တပ်ရင်း အတွက် လစာငွေသိန်း ၂၀၀ကျော်ကိုရဲစခန်းမှာသွားထုတ်ပြီး သူ့ကောင်မလေး ကိုတစ်ခါထဲခိုးပြေးသွားတာ။ သူစီးတဲ့ဆိုင်ကယ်လေးတောင် ဒီတိုင်းထားခဲ့ တယ်”ဟု ဖလမ်းဒေသခံတစ်ဦးထံမှသိရှိရပါသည်။
Zawgyicode:

ပုံ- ဖလမ်းမြို့ ဝန်ထမ်းများက ခလ၇ (၂၆၈)ရှေ့တန်းပြန်တပ်ကို ကြိုဆိုနေသည့် ပုံအဟောင်းကိုပြည်လည်အသုံးပြုထားခြင်းဖြစ်သည်။