NUG ကြားကာလအအမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာကအသိအမှတ်ပြုရေး ကူညီဆောင်ရွက်ပေးဖို့ အမေရိကန်တာဝန်ရှိသူတွေကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုပါတယ်။ International Republican Institute IRI က သံအမတ်ကြီးဦးကျော်မိုးထွန်းကိုချီးမြှင့်လိုက်တဲ့ John S.McCaing Freedom လွတ်လပ်ခွင့်ဆု ဆုပေးပွဲမှာ ပြောဆိုသွားတာပါ။ ဒီအကြောင်း သတင်းသွားယူထားတဲ့ မအိသန့်စင်က တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂအတွပ် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ၂၀၂၁ ခုနှစ်အတွက် John S.McCaing Freedom ဆုကို International Republican Institute IRI က ချီးမြှင့်လိုက်ပါတယ်။ ဒီမိုကရေစီရေးနဲ့ လွတ်လပ်ခွင့်တွေအတွက် ကမ္ဘာတဝန်းက ကြိုးပမ်းသူတွေကို IRI က နှစ်စဉ်ရွေးချယ်ဆုပေးနေတဲ့ထဲမှာ ဒီနှစ်မှာတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ပါဝင်ပြီးတော့ ဆုချီးမြှင့်တာလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေရှိရာ မြန်မာနိုင်ငံ၊ ဘဲလားရုစ်၊ လစ်သူရေးနီးယားနဲ့ကျူးဘားနိုင်ငံကသူတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ပွဲဖြစ်ကြောင်း IRI က ပြောတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်ပြည်သူတွေအနေနဲ့ မြန်မာ့အရေးအတွက် လုပ်ဆောင်နိုင်တာ၊ လုပ်ဆောင်သင့်တာတွေကိုလည်း ဦးကျော်မိုးထွန်းက အခုလို ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။
“နိုင်ငံတကာမှာ အစိုးရရဲ့ legitimacy ရှိမှုအတွက်ကို ပြည်သူတွေ အကုန်လုံးကရော၊ ကျနော်တို့တွေ အကုန်လုံးကရော ကျရာကဏ္ဍကနေ ဝိုင်းဝန်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ National Unity Government ကို မြန်မာပြည်သူတွေရဲ့ Legitimate အစိုးရအဖြစ် အသိအမှတ်ပြုဖို့မှာလည်း ကူညီဆောင်ရွက်ပေးဖို့ ကျနော် မေတ္တာရပ်ခံခဲ့တာလည်း ရှိပါတယ်။…
…နောက်တခုက ကြည့်လိုက်ရင်…လူသားချင်းစာနာမှုအကူအညီပေးရေးပေါ့နော်၊ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ လူသားချင်းစာနာမှုနဲ့ပတ်သက်လို့ အခက်အခဲတွေ အများကြီးတွေ့နေရတယ်။ ဒါကြောင့် လူသားချင်းစာနာမှုအကူအညီပေးဖို့ပေါ့နော်၊ ပေးတဲ့အခါမှာလည်း နည်းလမ်းပေါင်းစုံနဲ့ပေးနိုင်ဖို့၊ အထူးသဖြင့် တကယ်လိုအပ်တဲ့သူတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ ရောက်ဖို့အတွက် cross border assistant အပါအဝင် ပေးဖို့ကို ကျနော် မေတ္တာရပ်ခံခဲ့တာရှိတယ်။ ဒါကြောင့်မို့လို့ အခု ထပ်ပြီးတော့ ဒါကိုပဲ ကျနော်က အမေရိကန်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေကိုပါ အားလုံးကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်နေတဲ့လမ်းကြောင်းကို ပိုပြီးတော့၊ ဆက်လက်ပြီးတော့ ကူညီပေးဖို့၊ ထောက်ခံပံ့ပိုးပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။
ဒါကြောင့်မို့လို့လည်း လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေမှာလည်း တကယ်လိုအပ်တဲ့သူတွေဆီ ရောက်ရှိဖို့အတွက် ထိထိရောက်ရောက် အကူအညီပေးကြပါလို့လည်း ကျနော် မေတ္တာရပ်ခံချင်ပါတယ်။
အိသန့်စင်။။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းအနေနဲ့ပေါ့နော် John S.McCaing Freedomဆုကို လက်ခံရရှိခဲ့တဲ့အတွက် ဘယ်လို ခံစားရပါလဲရှင်။
ဦးကျော်မိုးထွန်း။။ ဗွီအိုအေလို သတင်းမီဒီယာဌာနတွေက ကျနော်တို့ရဲ့အသံတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ကြားရအောင်၊ ပြည်တွင်းက သိသင့်သိထိုက်သူတွေကြားရအောင် ပြောတဲ့နေရာမှာ ကျနော်တို့အတွက် အရမ်းကို အများကြီး အကျိုးဖြစ်စေတယ်၊ အများကြီးပံ့ပိုးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့ပထမဦးစွာ (ပြောချင်ပါတယ်။) ပေါ့နော်။
..မေးခွန်းနဲ့ပတ်သက်လို့ပေါ့နော်-ဒီဆုက ပြည်သူတွေကိုပေးတဲ့ဆုပေါ့နော်။ ကျနော်တို့ ပြည်သူတွေကိုပေးတဲ့ဆု ဆိုတဲ့နေရာမှာလည်း ပြည်သူတွေကနေပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ …ပြန်ကြည့်လိုက်ရင် ဖေဖေါ်ဝါရီ ၁ ရက်နေ့ကတည်းက တောက်လျှောက်တင် မကပါဘူး။ ဟိုး အရင့်အရင်တွေကတည်းကလည်း ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တာရှိတယ်။ အထူးသဖြင့် ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှာ ပိုပြီးတော့ ထင်ထင်ရှားရှား ဒီမိုကရေစီအတွက် ဆောင်ရွက်တာတွေဖြစ်တဲ့အတွက်ကြောင့် ဒီဆောင်ရွက်မှုတွေကို သူတို့ recognize ပြုတယ်ဆိုတာ ဒီဆုပေးတာကနေ ဖော်ပြနေတယ်ပေါ့နော်။
….ကျနော် အရမ်းလည်း ပျော်ပါတယ်။ ကျနော်တို့ပြည်သူတွေ၊ ကျနော်တို့ ဒီမိုကရေစီချစ်တဲ့မြန်မာပြည်သူတွေကိုပေးတဲ့ အသိအမှတ်ပြုတဲ့ဆု ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါက ကျနော်တို့ မြန်မာနိုင်ငံအတွက်ကော၊ ကျနော်တို့ မြန်မာပြည်သူတွေအတွက်ကော ဂုဏ်ယူစရာကောင်းတဲ့နေ့လည်းဖြစ်တယ်၊ ဂုဏ်ယူစရာကောင်းတဲ့ အချိန်အခါလည်းဖြစ်တယ်ဆိုတာလေး ကျနော် ပြောလိုပါတယ်။
ဒီလွတ်လပ်ခွင့်ဆုကိုချီးမြှင့်တာနဲ့ပတ်သက်ပြီးတော့ IRI ဥက္ကဋ္ဌကလည်း အခုလို ပြောပါတယ်။
“ဒီမိုကရေစီအသိုင်းအဝိုင်းက ကျနော်တို့လိုလူတွေဟာ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိ၊ အခြေခံအခွင့်အရေးရဖို့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူတွေကို အားကျဂုဏ်ယူမိပါတယ်။ မြန်မာပြည်သူတွေရဲ့ရပိုင်ခွင့်ဟာ ပြည်သူတွေရဲ့လက်ထဲမှာပဲ ရှိပါတယ်။ စစ်အာဏာရှင်ရဲ့လက်ထဲမှာ မရှိပါဘူး”
ဒီဆုပေးပွဲကို အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပတ်ဘလီကင်အမတ် မစ်ခ်ျ မက်ကောနယ်လည်း တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။
ဒီမိုကရေစီအခြေခိုင်နေပြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီအစပျိုးစ နိုင်ငံတွေကို အကူအညီပေးဖို့ တာဝန်ရှိပါတယ်။ ဒီမိုကရေစီအစပျိုးလာနေတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို တကြော့ပြန်တွေ့ရတာဟာ ဝမ်းနည်းမိပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့စစ်မှန်တဲ့အစိုးရ၊ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုဖို့ကိုလည်း ရီပတ်ဘလီကင်အမတ် မစ်ခ်ျမက်ကောနယ်က ပြောသွားခဲ့ပါတယ်။
၁၉၉၉ ခုနှစ်အတွက် John S.McCain ဆုကို လက်ရှိမှာ ဖမ်းဆီးအထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့ပါတယ်။ ဒီမိုကရေစီ၊ လွတ်လပ်ရေးနဲ့လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေသူတွေကို ရွေးချယ်ပြီး IRI က John S. McCain Freedom ဆုကို နှစ်စဉ်ချီးမြှင့်လေ့ရှိပါတယ်။ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ လစ်သူရေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Ingrida Simonyte, ဘယ်လာရုစ်နိုင်ငံရေးအကျဉ်းသားများဆိုင်ရာ ကိုယ်စားလှယ် Tatsiana Khomich နဲ့ Grammy ဆုရ ကျူးဘား အနုပညာရှင် Willy Chirino တို့ကို ၂၀၂၁ ခုနှစ်အတွက် John S. McCain Freedom ဆုကို IRI က ချီးမြှင့်ခဲ့ပါတယ်။ အရင်နှစ် ၂၀၂၀ တုန်းကတော့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ၊ အာဏာရှင်ကိုဆန့်ကျင်ပြီး ဒီမိုကရေစီရေးလုပ်ဆောင်တဲ့ ဟောင်ကောင်ပြည်သူတွေနဲ့ ဘယ်လာရုစ် ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ Svetlana Tikhanovskaya ၊ Maria Kolesnikova နဲ့ Veronika Tsepkalo တို့ကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်ရှင်။
================
{{Unicode}}
NUG ကို နိုင်ငံတကာအသိအမှတ်ပြုရေး သံအမတ်ကြီးဦးကျော်မိုးထွန်းတိုက်တွန်း
NUG ကြားကာလအအမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာကအသိအမှတ်ပြုရေး ကူညီဆောင်ရွက်ပေးဖို့ အမေရိကန်တာဝန်ရှိသူတွေကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုပါတယ်။ International Republican Institute IRI က သံအမတ်ကြီးဦးကျော်မိုးထွန်းကိုချီးမြှင့်လိုက်တဲ့ John S.McCaing Freedom လွတ်လပ်ခွင့်ဆု ဆုပေးပွဲမှာ ပြောဆိုသွားတာပါ။ ဒီအကြောင်း သတင်းသွားယူထားတဲ့ မအိသန့်စင်က တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂအတွပ် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ၂၀၂၁ ခုနှစ်အတွက် John S.McCaing Freedom ဆုကို International Republican Institute IRI က ချီးမြှင့်လိုက်ပါတယ်။ ဒီမိုကရေစီရေးနဲ့ လွတ်လပ်ခွင့်တွေအတွက် ကမ္ဘာတဝန်းက ကြိုးပမ်းသူတွေကို IRI က နှစ်စဉ်ရွေးချယ်ဆုပေးနေတဲ့ထဲမှာ ဒီနှစ်မှာတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ပါဝင်ပြီးတော့ ဆုချီးမြှင့်တာလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေရှိရာ မြန်မာနိုင်ငံ၊ ဘဲလားရုစ်၊ လစ်သူရေးနီးယားနဲ့ကျူးဘားနိုင်ငံကသူတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ပွဲဖြစ်ကြောင်း IRI က ပြောတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်ပြည်သူတွေအနေနဲ့ မြန်မာ့အရေးအတွက် လုပ်ဆောင်နိုင်တာ၊ လုပ်ဆောင်သင့်တာတွေကိုလည်း ဦးကျော်မိုးထွန်းက အခုလို ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။
“နိုင်ငံတကာမှာ အစိုးရရဲ့ legitimacy ရှိမှုအတွက်ကို ပြည်သူတွေ အကုန်လုံးကရော၊ ကျနော်တို့တွေ အကုန်လုံးကရော ကျရာကဏ္ဍကနေ ဝိုင်းဝန်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ National Unity Government ကို မြန်မာပြည်သူတွေရဲ့ Legitimate အစိုးရအဖြစ် အသိအမှတ်ပြုဖို့မှာလည်း ကူညီဆောင်ရွက်ပေးဖို့ ကျနော် မေတ္တာရပ်ခံခဲ့တာလည်း ရှိပါတယ်။…
…နောက်တခုက ကြည့်လိုက်ရင်…လူသားချင်းစာနာမှုအကူအညီပေးရေးပေါ့နော်၊ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ လူသားချင်းစာနာမှုနဲ့ပတ်သက်လို့ အခက်အခဲတွေ အများကြီးတွေ့နေရတယ်။ ဒါကြောင့် လူသားချင်းစာနာမှုအကူအညီပေးဖို့ပေါ့နော်၊ ပေးတဲ့အခါမှာလည်း နည်းလမ်းပေါင်းစုံနဲ့ပေးနိုင်ဖို့၊ အထူးသဖြင့် တကယ်လိုအပ်တဲ့သူတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ ရောက်ဖို့အတွက် cross border assistant အပါအဝင် ပေးဖို့ကို ကျနော် မေတ္တာရပ်ခံခဲ့တာရှိတယ်။ ဒါကြောင့်မို့လို့ အခု ထပ်ပြီးတော့ ဒါကိုပဲ ကျနော်က အမေရိကန်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေကိုပါ အားလုံးကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်နေတဲ့လမ်းကြောင်းကို ပိုပြီးတော့၊ ဆက်လက်ပြီးတော့ ကူညီပေးဖို့၊ ထောက်ခံပံ့ပိုးပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။
ဒါကြောင့်မို့လို့လည်း လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေမှာလည်း တကယ်လိုအပ်တဲ့သူတွေဆီ ရောက်ရှိဖို့အတွက် ထိထိရောက်ရောက် အကူအညီပေးကြပါလို့လည်း ကျနော် မေတ္တာရပ်ခံချင်ပါတယ်။
အိသန့်စင်။။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းအနေနဲ့ပေါ့နော် John S.McCaing Freedomဆုကို လက်ခံရရှိခဲ့တဲ့အတွက် ဘယ်လို ခံစားရပါလဲရှင်။
ဦးကျော်မိုးထွန်း။။ ဗွီအိုအေလို သတင်းမီဒီယာဌာနတွေက ကျနော်တို့ရဲ့အသံတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ကြားရအောင်၊ ပြည်တွင်းက သိသင့်သိထိုက်သူတွေကြားရအောင် ပြောတဲ့နေရာမှာ ကျနော်တို့အတွက် အရမ်းကို အများကြီး အကျိုးဖြစ်စေတယ်၊ အများကြီးပံ့ပိုးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့ပထမဦးစွာ (ပြောချင်ပါတယ်။) ပေါ့နော်။
..မေးခွန်းနဲ့ပတ်သက်လို့ပေါ့နော်-ဒီဆုက ပြည်သူတွေကိုပေးတဲ့ဆုပေါ့နော်။ ကျနော်တို့ ပြည်သူတွေကိုပေးတဲ့ဆု ဆိုတဲ့နေရာမှာလည်း ပြည်သူတွေကနေပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ …ပြန်ကြည့်လိုက်ရင် ဖေဖေါ်ဝါရီ ၁ ရက်နေ့ကတည်းက တောက်လျှောက်တင် မကပါဘူး။ ဟိုး အရင့်အရင်တွေကတည်းကလည်း ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တာရှိတယ်။ အထူးသဖြင့် ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှာ ပိုပြီးတော့ ထင်ထင်ရှားရှား ဒီမိုကရေစီအတွက် ဆောင်ရွက်တာတွေဖြစ်တဲ့အတွက်ကြောင့် ဒီဆောင်ရွက်မှုတွေကို သူတို့ recognize ပြုတယ်ဆိုတာ ဒီဆုပေးတာကနေ ဖော်ပြနေတယ်ပေါ့နော်။
….ကျနော် အရမ်းလည်း ပျော်ပါတယ်။ ကျနော်တို့ပြည်သူတွေ၊ ကျနော်တို့ ဒီမိုကရေစီချစ်တဲ့မြန်မာပြည်သူတွေကိုပေးတဲ့ အသိအမှတ်ပြုတဲ့ဆု ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါက ကျနော်တို့ မြန်မာနိုင်ငံအတွက်ကော၊ ကျနော်တို့ မြန်မာပြည်သူတွေအတွက်ကော ဂုဏ်ယူစရာကောင်းတဲ့နေ့လည်းဖြစ်တယ်၊ ဂုဏ်ယူစရာကောင်းတဲ့ အချိန်အခါလည်းဖြစ်တယ်ဆိုတာလေး ကျနော် ပြောလိုပါတယ်။
ဒီလွတ်လပ်ခွင့်ဆုကိုချီးမြှင့်တာနဲ့ပတ်သက်ပြီးတော့ IRI ဥက္ကဋ္ဌကလည်း အခုလို ပြောပါတယ်။
“ဒီမိုကရေစီအသိုင်းအဝိုင်းက ကျနော်တို့လိုလူတွေဟာ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိ၊ အခြေခံအခွင့်အရေးရဖို့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူတွေကို အားကျဂုဏ်ယူမိပါတယ်။ မြန်မာပြည်သူတွေရဲ့ရပိုင်ခွင့်ဟာ ပြည်သူတွေရဲ့လက်ထဲမှာပဲ ရှိပါတယ်။ စစ်အာဏာရှင်ရဲ့လက်ထဲမှာ မရှိပါဘူး”
ဒီဆုပေးပွဲကို အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပတ်ဘလီကင်အမတ် မစ်ချ် မက်ကောနယ်လည်း တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။
ဒီမိုကရေစီအခြေခိုင်နေပြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီအစပျိုးစ နိုင်ငံတွေကို အကူအညီပေးဖို့ တာဝန်ရှိပါတယ်။ ဒီမိုကရေစီအစပျိုးလာနေတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို တကြော့ပြန်တွေ့ရတာဟာ ဝမ်းနည်းမိပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့စစ်မှန်တဲ့အစိုးရ၊ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုဖို့ကိုလည်း ရီပတ်ဘလီကင်အမတ် မစ်ချ်မက်ကောနယ်က ပြောသွားခဲ့ပါတယ်။