သီတင်းကျွတ်လပြည့်နေ့ မိုင်းဖုန်းဆရာတော်ဘုရား၏ ပေးပို့သော မေတ္တာစာ

“သီတင်းကျွတ်လပြည့်နေ့ မိုင်းဖုန်းဆရာတော်ဘုရား၏ ပေးပို့သော မေတ္တာစာ”

သာသနာတော်နှစ် ၂၅၆၅ ဝါ သီတင်းကျွတ်လပြည့် (၂၀၊ ၁၀၊ ၂၀၂၁)အရညဝါသီမိုင်းဖုန်းဆရာတော်ဘုရား၏ တပည့်ဒကာများထံ ပေးပို့သော မေတ္တာစာ။

ဆရာတော်ဘုရားလည်း ကျန်းမာပကတိ ချမ်းသာစွာ ရှိပါတယ်။ မေတ္တာဘာဝနာကို ပွားများကာ သတိပဋ္ဌာန်တရားလေးပါးနဲ့အညီ မဇ္ဈိမပဋိပဒါအတိုင်း ကျင့်ပါတယ်။ တိုးတက်မှုတွေ ရှိလာပါတယ်။ ရုပ်နာမ်သင်္ခါရတို့ရဲ့ သဘာဝ ဖြစ်တည်ပျက်မှုကို သတိနဲ့ ဉာဏ်နဲ့ ရှုမှတ်ကာ ခဏိကမရဏမြင်တွေ့ကာ နိဗ္ဗာန်ရဲ့ မျိုးစေ့ကိုရရှိပါတယ်။

နှာ ၂

ရေမြေတောတောင်သဘာဝနဲ့အတူ သီတင်းသုံးနေထိုင်ရတာ ကြည်နူးစရာ လွန်စွာကောင်းပါတယ်။ သားငှက်တိရစ္ဆာန်တွေအပေါ် မေတ္တာဘာဝနာပွားလို့ တောငှက် တောကြက် ဒေါင်း မျောက်လွှဲကျော် တောကြောင် ကျားငယ် ရှဉ့် ကြည်စတာတွေ ဆရာတော်ရဲ့ သီတင်းသုံးတဲ့ ဂူအနားမှာ ဆရာတော်ရဲ့ မေတ္တာကို အေးချမ်းစွာ လာရောက်ခံယူကြပါတယ်။ မိမိရဲ့ တရားဘာဝနာအလုပ်လဲ မပျက်မကွက်စေဘဲ သမထ ဝိပဿနာ ဘာဝနာပွားများကာ ကာယလဟုတာ စိတ္တလဟုတာ ကိုယ်စိတ်ပေါ့ပါးမှုတွေဖြစ်ကာ ဒုက္ခမှ ခေတ္တကင်းလွှတ်ခွင့်ရခဲ့ပါတယ်။ တခြားကိစ္စဝစ္စတွေလုပ်ရာမှာလဲ သတိနဲ့ ယှဉ်တွဲစေခဲ့ပါတယ်။ ရုပ်နာမ်သင်္ခါရရဲ့ မမြဲတဲ့သဘောကို ထင်ရှားစွာ မြင်တွေ့ပါတယ်။ အိုခြင်း နာခြင်း သေခြင်းကို သံဝေဂပွားမိကာ နိဗ္ဗာကိုမျှော်လင့်မိပါတယ်။

နှာ ၃

လောကမှာ မွေးဖွားလာသည်မှ သေတဲ့အထိ သင်္ခါရဒုက္ခဆိုတာ ရွံမုန်းစရာအတိပါ။ လောကကြီးထဲ မွေးဖွားလာကြတဲ့ သတ္တဝါတွေ မှန်သမျှဟာ တူညီတဲ့ ဒုက္ခတွေ ရှိကြပါတယ်။ သေချာစိစစ်ကြည့်ရင် ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်း သေခြင်း သုခကင်းတဲ့ သဘောတရားတွေကို မလိုချင်သင့်တော့ပါ။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ သစ္စာတရားကို ရှာဖွေကြပါကုန်။ ဆရာတော် ဂူထဲမှာ လာရောက်သီတင်းသုံးပြီး ဘာဝနာပွားရတာဟာ အစစအရာရာ တိုးကောင်းမွန်လာပါတယ်။ ခန္ဓာကိုယ်ရဲ့ ခွန်အား၊ စိတ်ခွန်အားတွေ ရှိလာပါတယ်။ မောပန်းနွမ်းနယ်ခြင်း မရှိပါဘူး။ အစဉ် သတိနဲ့ယှဉ်ကာ စိတ်ကို ထိန်းပါတယ်။

နှာ ၄

ဂူရှေ့မှာ မျက်နှာမဲ ကိုယ်ဖြူ မျောက်လွှဲကျော် လာပြီးတော့ အိပ်စောင့်ပြီး ဆရာတော်ရဲ့ မေတ္တာကို ခံယူပါတယ်။ မေတ္တာတရားဟာ လွန်စွာ အေးမြပါတယ်။ ဒုက္ခမှ လွန်မြောှက်စေပါတယ်။
ခန္တီတရား လက်ကိုင် ပါရမီပန်းတိုင်ဖြားသို့ ရောက်ပါမည်။
အိုချိန်မှာ မဆင်းရဲဖို့ မိမိကိုယ်ကိုအချစ်ဆုံးမို့လို့ မကောင်းမှုကိုရှောင်ပါလော့။
ဇရာရဲ့ နောက်ဆက်တွဲက ရောဂါတွေစွဲကပ် သေရာညောင်စောင်း လျောင်းစက်
အသက်ထွက် သုဿာန်သို့ရောက်ခြင်းပါ။
ဆရာတော်က ဒီမိုင်းကျက်ဂူမှာ သီတင်းသုံးနေချိန် တရားစာတွေ ရေးပြီး အများသူငါ ဖတ်ရှုနိုင်အောင် လှူဒါန်းဖို့ ဆန္ဒရှိပါတယ်။ နတ်မ.လို့ ရှမ်းစာလည်း တော်တော်ရေးတတ်လာပြီ။ ဗမာစာလည်း သဘောပေါက်လာပါတယ်။ ဒါ့အပြင် ဘုရားရှင်ပုံတော် စေတီပုံတော်တွေလည်း ဆွဲဖြစ်သွားတယ်။ လေးလံတဲ့ ပစ္စည်းပစ္စယတွေ သယ်တာလဲ နတ်ကူသလို ပေါ့နေတယ်။ အလုပ်တွေလည်း တနေ့ပြီး တနေ့ ပြီးသွားတယ်။

နှာ ၅

အချိန်တွေ အလဟသမဖြစ်စေနဲ့။ သေနေ့ဆိုတာ တနေ့ထက်တနေ့ ပိုပိုနီးနီးလာပြီ။
ဒုက္ခကင်းချင်ရင် သစ္စာတရားကိုရှာ သဘာဝတရားနဲ့ အတူမျှတအောင်နေပါ။
တရားလိုက်စားတဲ့သူ တရာက စောင့်ရှောက်ပါတယ်။

ဒါကြောင့် ဆရာတော်လည်း တရားကျေးဇူးကြောင့် ယနေ့အထိ နေကောင်းကျန်းမာပါတယ်။ အနာရောဂါကင်းစင်ပါတယ်။ သက်တော်လည်း တဖြည်းဖြည်း ကြီးရင့်လာကာ ၆၀ နားနီးလာပြီ။

ရုပ်နာမ်တရားဟာ မမြဲဘူး။ ဝင်သက်တိုင်း ထွက်သက်တိုင်း ဖြစ်ပျက်နေတယ်။
မမြဲတဲ့ အနိစ္စသဘော၊ ဆင်းရဲတဲ့ ဒုက္ခသဘော အစိုးမရတဲ့ အနတ္တသဘောပါ။

ရုပ်နာမ်တရားဟာ အနှစ်မရှိ အချည်းနီးပါ။ မွေးဖွားလာတာဟာ သေနေ့ကို စောင့်နေရတဲ့ ခန္ဓာကိုယ်ပါ။မွေးပြီးတော့ အို၊ အိုပြီးတော့ နာ၊ နာပြီးတော့ သေမို့ အချိန်ကို အလဟဿ မဖြစ်စေနဲ့။

နှာ ၆ဒါကြောင့် နေ့စဉ်နေ့တိုင်း ကောင်းမှုကုသိုလ်ကို မြန်မြန်လုပ် များများလုပ် သတ္တိရှိရှိ ရဲရဲရင့်ရင့်လုပ်ကြပါ။ ဒါန များများလုပ်၊ သီလစောင့်ထိန်း၊ ဘာဝနာပွားများကြပါ။ နောင်မှတတဲ့ နောင်တမဖြစ်တော့ပါ။

ငြိမ်းအေးတဲ့ နိဗ္ဗာန်ကို ရှာဖွေကြပါ။
လူ့ရဲ့ တန်ဖိုးရှိတဲ့ အနှစ်သာရဟာ ကောင်းမှုပြုလုပ်ခြင်းပါ။နတ်ရဲ့ တန်ဖိုးရှိတဲ့ အနှစ်သာရဟာ စိတ်ကောင်း မေတ္တာရှိခြင်းပါ။
ဗုဒ္ဓသာသနာတော်ရဲ့ အနှစ်သာရဟာ နိဗ္ဗာန်ပါပဲ။
လူဖြစ်လာပြီးတော့ ကောင်းမှု မလုပ်နိုင်ခြင်းဟာ နောင်အနာဂတ် ပူပင်ရပါမယ်။
မကောင်းမှုကို မပြုလုပ်ပါနဲ့။ လေးလံတဲ့ အကုသိုလ်ဝန်ကို မထမ်းပါနဲ့။

မိမိကိုယ်ကို မမုန်းပါနဲ့၊ အကုသိုလ်နဲ့ တူတဲ့ မြွေပွေးကို ခါးပိုက် မဆောင်ပါနဲ့။
အကုသိုလ်ပြုရမှာကို ရှက်ကြောက်ကြပါကုန်။
လောဘ ဒေါသ မောဟ အဝိဇ္ဇာနဲ့ ဝေးအောင်ရှောင်နေကြ။
နိဗ္ဗာန်အထောက်အကူပြု ပါရမီမြှောက်တဲ့ ကုသိုလ်တွေဆည်းပူးကြပါကုန်သတော်ကောင်းအပေါင်းတို့။ကျန်းမာချမ်းသာပြီး ကပ်ရောဂါမှလည်း အမြန်လွှတ်ကင်းကြပါစေ။

အရညဝါသီမိုင်းဖုန်းဆရာတော်၏ မေတ္တာစာကို တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)မှ တာဝန်ယူ တာဝန်ခံ ဘာသာပြန်ပေးတယ်။

ကျန်းမာချမ်းသာ ဘေးရန်ကွာ လိုရာဆန္ဒပြည့်ပါစေ။ရောဂါအပေါင်း ဝေးခွားရှောင်း ခေတ်ကောင်းအမြန်ကြုံပါစေ။

Source- SaoSuKham

#36Myanmar

Leave a Reply

Your email address will not be published. Required fields are marked *