ယနေ့ည မုံရွာမြို့ရဲ့ ခမ်းခမ်းနားနား သီတင်းကျွတ်ညသပိတ်

“တော်လှန် သီတင်းကျွတ် မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေမယ်” ဆိုတဲ့ အနောက်မြောက်လွင်ပြင်ဒေသ

ကျေးရွာတစ်ရွာရဲ့ ည သပိတ်
အနောက်မြင်လွင်ပြင်ဒေသရဲ့ ကျေးရွာတစ်ရွာမှာ စစ်အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ဖို့အတွက် လူအင်အား မြောက်များစွာ စုဝေးပြီး အကြမ်းဖက် ဖက်ဆစ် စစ်တပ်ကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်ခဲ့ကြပါတယ်။

ကျဆုံးအာဇာနည်များ၊ အကျဉ်းထောင်တွင်းမှ သူရဲကောင်းများ၊ တိုက်ပွဲဝင် ရဲဘော်များ စတဲ့ တော်လှန်ရေးမှာ ပေးဆပ်ထည့်ဝင်ကြတဲ့ ရဲဘော်ရဲဘက်များ အားလုံးအတွက် အောက်မေ့၊ ဂုဏ်ပြု ရည်ရွယ်တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။

တစ်နည်းပြောရရရင်တော့ ဒီဆီမီးသပိတ်သည် ဓမ္မဝါဒီတွေကို ဂုဏ်ပြုပူဇော်ခြင်း မည်သလို အဓမ္မဝါဒီတွေကို လောင်ကျွမ်းမီးတိုက်လိုက်ခြင်းပါပဲ။

နွေဦးတော်လှန်ရေးအတွင်း ကျရောက်လာတဲ့ သီတင်းကျွတ်အခါသယမမှာ တော်လှန်သီတင်းကျွတ်ပွဲ အဖြစ် သတ်မှတ်ခံယူကာ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း အမြင့်မားဆုံး ဖော်ထုတ်၊ နွှဲဆင်ကြပါစို့။

ထကြွကြလော့ အမျိုးသားကောင်းတို့။ထကြွကြလော့ အမျိုးသမီးကောင်းတို့။ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ကြကုန်လော့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အလံတော်ကို အမြင့်မားဆုံး လွှင့်ထူကြကုန်လော့။

Leave a Reply

Your email address will not be published. Required fields are marked *