တပ်ပိုင် ကန့်ဘလူ သကြားစက်ရုံရဲ့ ဓာတ်အားလိုင်း ဖောက်ခွဲခံရ

Unicode:

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်က တပ်ပိုင် MEC သကြားစက်ရုံကို သွယ်တန်းထားတဲ့ 33Kv ဓာတ်အားလိုင်းကို ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တစ်ခုက ဖောက်ခွဲလိုက်တယ်လို့ သိရပါသည်။

အောက်တိုဘာလ ၁၉ရက်နေ့ မနက် ၄ နာရီလောက်က KBU – UG (Kanbalu Underground Warriors) အဖွဲ့က ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ KBU – UG က သတင်းထုတ်ပြန်ထားပါသည်။

အကြမ်းဖက်စစ်အုပ်စုရဲ့ သကြားစက်ရုံ လည်ပတ်နိုင်ခြင်း မရှိစေဖို့ ဖောက်ခွဲဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ KBU – UGက ပြောပါသည်။

ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှု့နဲ့ စက်ရုံဆက်လက် လည်ပတ်နိုင်ခြင်း ရှိ၊ မရှိကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ကန့်ဘလူသကြားစက်ရုံကို တပ်ဘက်ကနေပြီး ၁၉၉၉ ခုနှစ်မှာ ဒေသခံတွေရဲ့လယ်ယာမြေတွေကို သိမ်းဆည်းပြီးတော့ တည်ဆောက်ထားတာဖြစ်တယ်လို့ သိရှိရပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *