ဒေါ်လာအရန် ၆ဘီလံရှိပြီး မြန်မာ့ငွေကြေးတည်ငြိမ်ရန်စွမ်းစွမ်းတမံကြိုးစားနေကြောင်းစစ်ကောင်စီပြော

မြန်မာနိုင်ငံတွင် အရန် နိုင်ငံခြားငွေ ၆ ဘီလျံရှိပြီး၊ ငွေကြေးတည်ငြိမ်ရန်အတွက် အစွမ်းကုန်ကြိုးစားနေဟုဆို

နစက မှခန့်အပ်ထားသော တာဝန်ရှိသူတို့သည် အကျပ်အတည်းကာလအတွင်း စီးပွားရေးကိုပံ့ပိုးနိုင်ရန်အစွမ်းကုန်ကြိုးစားနေသည်ဟု အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးကပြောကြားကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားသည်။

စစ်တပ်မှ အာဏာရယူခဲ့ပြီးနောက်တွင် ငွေကြေးဖောင်းပွမှုသည် ၅ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပြီး၊ လက်ရှိတွင် ဗဟိုဘဏ်၏ ငွေလဲလှယ်နှုန်းအရ ကျပ်ငွေ ၁၁ ထရီလီယံနှင့် ညီမျှသော အရန်နိုင်ငံခြားငွေ ကန်ဒေါ်လာ ၆ ဒသမ ၀၄ ဘီလျံရှိကြောင်း နစက၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ရှားရှားပါးပါး အင်တာဗျူးတစ်ခုတွင် ရိုက်တာသတင်းဌာနအားဖြေကြားထားကြောင်း ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွာရေးကို လက်ရှိ အစိုးရဆန့်ကျင်ဘက်အဖွဲ့အစည်းများကနှောင့်ယှက်ဖျက်ဆီးနေကြကြောင်းသူကမှတ်ချက်ပြုပြီး၊ယင်းတို့ကိုမည်သည့်အဖွဲ့အစည်း မည်သူမည်ဝါဟူ၍ သူကပြောကြားခြင်းမရှိသော်လည်း နိုင်ငံခြားတိုင်းပြည်အချို့၏ ကျောထောက်နောက်ခံရှိကြောင်း သူကပြောကြားကြောင်းကိုလည်း ရိုက်တာသတင်းဝယ် ရေးသားထားသည်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *