မနေ့ကထောင်ကနေလွှတ်လာပြီယနေ့ထပ်ပြီဖမ်းခံလိုက်ရသည့် အဆိုတော်အီတိုး

စစ်ကောင်စီရဲ့လွတ်ငြိမ်းခွင့်နဲ့ပြန်လွတ်လာတဲ့ အဆိုတော်အီတိုးနေအိမ်မှာပြန်လည်ဖမ်းဆီးခံရ

အဆိုတော် အီတိုးဟာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့မနေ့အောက်တိုဘာ ၁၉ရက်နေ့မှ ပြန်လွတ်လာခဲ့ပေမယ့်
ဒီကနေ့အောက်တိုဘာ ၂၀ရက်နေ့မှာတော့ နေအိမ်မှာထပ်မံလာရောက်ဖမ်းဆီးသွားတယ်လို့မိသားစုနဲ့နီးစပ်သူတွေကအတည်ပြုပြောဆိုပါတယ်။

“ မနေ့ညကနေပြန်လွတ်လာတယ်။ ဒီနေ့နေ့လယ်မှာပဲ အထက်ကမလွှတ်ခိုင်းသေးလို့ဆိုပြီးအင်းစိန်အကျဉ်းထောင်ကိုပြန်ခေါ်သွားတယ်။ အဖမ်းခံရတုန်းကတော့ ပုဒ်မ ၅၀၅-ကနဲ့ဆွဲထားတာပါ”လို့နီးစပ်သူတစ်ဦးကဘီဘီစီကိုပြောပါတယ်။

အဆိုတော်အီတိုးပြန်လည်ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့သက်ဆိုင်ရာမိသားစုဝင်တွေကလည်းလူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားထားတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ရက်နေ့ကရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်မှာ လက်လုပ်မိုင်းပြုလုပ်တဲ့သူတွေကိုဖမ်းဆီးမိခဲ့ပြီး နောက်ဆက်တွဲဖမ်းဆီးရာကနေ မရမ်းကုန်းမြို့နယ်မှာ အဆိုတော်အီတိုးကို ထပ်မံ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ထားခဲ့ပါတယ်။

ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း ထပ်မံဖမ်းဆီးမှုအခြေအနေနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဘက်က ဒီကနေ့အောက်တိုဘာ ၂၀ရက်နေ့ညနေပိုင်းအထိသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး

Leave a Reply

Your email address will not be published. Required fields are marked *