ယခုနှစ်မှာ မိုးကြီးလို့ ပုဂံဒေသမှာရှိတဲ့ဘုရားစေတီတွေ ထိခိုက်ပြိုကျခဲ့ပြီးရေှး‌ေဟာင်းပုဂံဘုရား ၆ဆူ ပျက်စီး

Unicode:

အခုနှစ်မှာ မိုးကြီးလို့ ပုဂံဘုရား ၆ဆူ ပျက်စီး

မိုးရွာသွန်းမှု့များတာကြောင့် အခုနှစ်မိုးရာသီအတွင်း ပုဂံဒေသမှာရှိတဲ့ဘုရားစေတီတွေ ထိခိုက်ပြိုကျတာတွေဖြစ်ခဲ့ပြီး ဘုရား ၆ ဆူခန့် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပုဂံမှာ သြဂုတ်လကတည်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ပုဂံမြို့ဟောင်းဘက်မှာတည်ရှိတဲ့ သံပျဉ်စွာ ဘုရားတောင်ဘက်မှာ ပျက်စီးမှုတွေရှိခဲ့သလို စက်တင်ဘာလအတွင်းမှာလည်း စူဠာမဏိမြောက်ဘက်ကျောင်းတိုက်ဟောင်းက ဘုရားတံတိုင်းအုတ်ချပ်တွေ၊ တရုတ်ပြေးဘုရားအရှေ့တောင်ထောင့်က အုတ်ချပ်နဲ့ဓမ္မရံကြီးဘုရားအတွင်းပိုင်းတချို့ပျက်စီးမှု့တွေရှိပြီး

ဘုရားအတွင်းပိုင်းရေဝင်တာတွေဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ရက်နေ့မှာဆိုရင်လည်း ပြာဿာဒ်ကြီးဘုရားမုခ်ဦးတစ်ခုလုံးပြိုကျခဲ့ပြီးထိခိုက်မှုများခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

မိုးရွာသွန်းမှုနည်းလေ့ရှိတဲ့ ပုဂံဒေသမှာတော့ အခုနှစ်မိုးရေချိန်မြင့်တက်ခဲ့ပေမယ့်သီတင်းကျွတ်လပြည့်နောက်ပိုင်းမှာတော့ မိုးရွာသွန်းမှု့ပြန်နည်းသွားလေ့ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ပုဂံဒေသဘုရားတွေနဲ့ပတ်သက်လို့ဒေသခံလူမှုရေးအသင်းအဖွဲ့တွေအနေနဲ့ မိုးရာသီကာလတွေမှာ အလားတူပျက်စီးဆုံးရှုံးမှု‎တွေမဖြစ်အောင် ညှိနှိုင်းဆွေးနွေးတာတွေရှိခဲ့ပေမယ့်အခုနောက်ပိုင်းမှာတော့ အုပ်ချုပ်ရေးပိုင်းက ပူးပေါင်းပါဝင်မှုတွေအားနည်းနေတယ်လို့ ဒေသခံလူမှုရေးအသင်းအဖွဲ့တွေကပြောပါတယ်။

ပုံု- အောက်တိုဘာ ၁၈ရက်နေ့က ပြာဿာဒ်ကြီးဘုရားမုခ်ဦးပြိုကျပျက်စီးမှုမြင်ကွင်း

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *