အာဆီယံအစည်းအဝေးကို စစ်ကောင်စီ က နိုင်ငံခြားရေးကိုယ်စားလှယ်တစ်ဦး စေလွှတ်မည်ဟု ဇော်မင်းထွန်းပြောကြား

Unicode:

အာဆီယံအစည်းအဝေးကို စစ်ကောင်စီ က နိုင်ငံခြားရေးကိုယ်စားလှယ်တစ်ဦး စေလွှတ်မယ်လို့ ဇော်မင်းထွန်းပြော

မြန်မာ့အရေးဖြေရှင်းဖို့ ခန့်အပ်ထားတဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပြုတာ အပါအဝင် လုံလောက်တဲ့ပူးပေါင်းဆောင်ရွက်္မှု့မျိုး စစ်ကောင်စီက ဆီက မရရှိတာကြောင့် လာမယ့် အောက် တိုဘာ ၂၆ ရက်္မှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဖို့ အာဆီယံက ဆုံးဖြတ်ခဲ့ပါသည်။

ဒါပေမဲ့ နိုင်ငံရေးကိုယ်စားပြုမှု မရှိသူတစ်ဦးကို အာဆီယံက တက်ရောက်ခွင့်ပြုထားတာကြောင့် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက နိုင်ငံရေးရာထူးမရှိတဲ့ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ဖို့ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်ပမီဒီယာတစ်ခုကို အောက်တိုဘာ ၁၉ ရက်နေ့က ထုတ်ဖော်ပြောလိုက်ပါသည်။

ဒါပေမဲ့ အဲဒီကိုယ်စားလှယ်ရဲ့ အမည်နဲ့ရာထူးကို ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

အာဆီယံအရေးနဲ့ ပတ်သက်လို့ မင်းအောင်လှိုင် ကလည်း အောက်တို ဘာ ၁၈ ရက်၊ မနေ့က အရေးပေါ် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်တွေဟာ ညှိနှိုင်းလို့မရတာတွေပါဝင်ပေမဲ့ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီမိန့်ခွန်းမှာ ပြောကြားခဲ့ပါသည်။

”အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်လာရေးကိစ္စမှာ အဆိုပြုတောင်းဆိုချက် အမျိုးမျိုး ဖြစ်ပေါ် လာတဲ့အတွက်ကြောင့် ညှိနှိုင်းဆွေးနွေးနေရဆဲဖြစ်ပါတယ်။ နိုင်ငံတစ်ခုဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေးကို ပိုင်းခြားခွဲဝေပြီး ဆောင်ရွက်ပါတယ်။ လိုအပ်ချက်အရ သီးခြားထုတ်ပြန်တဲ့အမိန့်နဲ့ ဥပဒေများမှအပ ပိုင်းခြားဆောင်ရွက်မှုအတိုင်း လုပ်ကြရတာဖြစ်ပါတယ်။ အာဆီယံကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေမှာ ညှိနှိုင်းလို့ မရတာတွေရှိနေပါတယ်။ ဘယ်လိုပဲဖြစ်စေ ကျွန်တော်တို့နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ သူကဆိုပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းအချို့ဘက်က ဆောင်ရွက်နေတဲ့ အကြမ်းဖက်္မှု့တွေနဲ့ ပတ်သက်လို့ ဘယ်သူကမှ ဟန့်တားတာမတွေ့ရပေမဲ့ စစ်ကောင်စီကိုပဲ တောင်းဆိုမှု့တွေပြုလုပ်နေတယ်လို့လည်း စစ်တပ်ခေါင်းဆောင်က နိုင်ငံတကာအသိုင်းအဝိုင်းကို အပြစ်တင်ခဲ့ပါသည်။

စစ်ကောင်စီ လက်​အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အာဆီယံအစည်းအဝေး တက်ရောက်ရေးကိစ္စအပါအဝင် ကိုယ်စားပြုမှု့ဆိုင်ရာကိစ္စတွေကို တူညီမျှတတဲ့ ဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့တာဟာ အာဆီယံရဲ့ ရည်ရွယ်ချက်နဲ့ဆန့်ကျင်နေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ လွန်စွာစိတ်ပျက်္မိပြီး ပြင်းထန်စွာကန့်ကွက်ကြောင်း အောက်တိုဘာ ၁၆ ရက်္မှာ ထုတ်ပြန်ခဲ့ပါသည်။

Zawgyicode:

အာဆီယံအစည်းအဝေးကို စစ်ကောင်စီ က နိုင်ငံခြားရေးကိုယ်စားလှယ်တစ်ဦး စေလွှတ်မယ်လို့ ဇော်မင်းထွန်းပြော

 

မြန်မာ့အရေးဖြေရှင်းဖို့ ခန့်အပ်ထားတဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပြုတာ အပါအဝင် လုံလောက်တဲ့ပူးပေါင်းဆောင်ရွက်္မှု့မျိုး စစ်ကောင်စီက ဆီက မရရှိတာကြောင့် လာမယ့် အောက် တိုဘာ ၂၆ ရက်္မှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဖို့ အာဆီယံက ဆုံးဖြတ်ခဲ့ပါသည်။

 

ဒါပေမဲ့ နိုင်ငံရေးကိုယ်စားပြုမှု မရှိသူတစ်ဦးကို အာဆီယံက တက်ရောက်ခွင့်ပြုထားတာကြောင့် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက နိုင်ငံရေးရာထူးမရှိတဲ့ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ဖို့ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်ပမီဒီယာတစ်ခုကို အောက်တိုဘာ ၁၉ ရက်နေ့က ထုတ်ဖော်ပြောလိုက်ပါသည်။

 

ဒါပေမဲ့ အဲဒီကိုယ်စားလှယ်ရဲ့ အမည်နဲ့ရာထူးကို ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

 

အာဆီယံအရေးနဲ့ ပတ်သက်လို့ မင်းအောင်လှိုင် ကလည်း အောက်တို ဘာ ၁၈ ရက်၊ မနေ့က အရေးပေါ် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။

 

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်တွေဟာ ညှိနှိုင်းလို့မရတာတွေပါဝင်ပေမဲ့ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီမိန့်ခွန်းမှာ ပြောကြားခဲ့ပါသည်။

 

”အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်လာရေးကိစ္စမှာ အဆိုပြုတောင်းဆိုချက် အမျိုးမျိုး ဖြစ်ပေါ် လာတဲ့အတွက်ကြောင့် ညှိနှိုင်းဆွေးနွေးနေရဆဲဖြစ်ပါတယ်။ နိုင်ငံတစ်ခုဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေးကို ပိုင်းခြားခွဲဝေပြီး ဆောင်ရွက်ပါတယ်။ လိုအပ်ချက်အရ သီးခြားထုတ်ပြန်တဲ့အမိန့်နဲ့ ဥပဒေများမှအပ ပိုင်းခြားဆောင်ရွက်မှုအတိုင်း လုပ်ကြရတာဖြစ်ပါတယ်။ အာဆီယံကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေမှာ ညှိနှိုင်းလို့ မရတာတွေရှိနေပါတယ်။ ဘယ်လိုပဲဖြစ်စေ ကျွန်တော်တို့နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ သူကဆိုပါသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းအချို့ဘက်က ဆောင်ရွက်နေတဲ့ အကြမ်းဖက်္မှု့တွေနဲ့ ပတ်သက်လို့ ဘယ်သူကမှ ဟန့်တားတာမတွေ့ရပေမဲ့ စစ်ကောင်စီ ကိုပဲ တောင်းဆိုမှု့တွေပြုလုပ်နေတယ်လို့လည်း စစ်တပ်ခေါင်းဆောင်က နိုင်ငံတကာအသိုင်းအဝိုင်းကို အပြစ်တင်ခဲ့ပါသည်။

စစ်ကောင်စီ လက်​အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အာဆီယံအစည်းအဝေး တက်ရောက်ရေးကိစ္စအပါအဝင် ကိုယ်စားပြုမှု့ဆိုင်ရာကိစ္စတွေကို တူညီမျှတတဲ့ ဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့တာဟာ အာဆီယံရဲ့ ရည်ရွယ်ချက်နဲ့ဆန့်ကျင်နေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ လွန်စွာစိတ်ပျက်္မိပြီး ပြင်းထန်စွာကန့်ကွက်ကြောင်း အောက်တိုဘာ ၁၆ ရက်္မှာ ထုတ်ပြန်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *