စစ်ကောင်စီက ဦးဆောင်တဲ့ ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဒုံးကဖို့ စည်းရုံးတာကို ကရင်လူငယ်တွေက ငြင်းဆို

Unicode:

စစ်ကောင်စီ က (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဒုံးကပေးဖို့ လိုက်လံစည်းရုံးနေတာကို ကရင်လူငယ်တွေကတော့ ငြင်းဆိုထားပါသည်။

စစ်ကောင်စီက နိုဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်မယ့် (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို ကရင်ဒုံးယိမ်းအပါအဝင် လက်ဝှေ့ပွဲနဲ့ပြခန်းတွေပါ ထည့်သွင်းကျင်းပသွားဖို့ စီစဉ်နေတာ ဖြစ်ပါသည်။

စစ်ကောင်စီ ရဲ့ ညွန်ကြားချက်အရ ကရင် ဒုံးဆရာတချို့ကတော့ ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဒုံးကဖို့အတွက် လူငယ်တွေကို ကျေးရွာတွေထိ ဆင်းကာလိုက်လံ စည်းရုံးနေပြီး လူငယ်တွေကတော့ စစ်ကောင်စီ ရဲ့ အာဏာရယူမှု့နဲ့ ကိုဗစ်ကပ်ရောဂါတွေကြောင့် ဒီနှစ်မှာတော့ ဒုံကပေးဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါသည်။

စစ်ကောင်စီ ဘက်ကတော့ ဒါကရိုးရာယဥ်ကျေးမှု့နဲ့ပဲဆိုင်တာဖြစ်ပြီး နိုင်ငံရေးနဲ့ မဆိုင်ဘူးလို့ပြောကြောင်း သိရပါတယ်။

ကရင်ပြည်နယ်မှာ စစ်ကောင်စီ တပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါသည်။

ဒါကြောင့် ကရင်လူငယ်တွေက ဒုံးကဖို့ ငြင်းဆန်နေတာဖြစ်ပြီး ဒုံးမကတာဟာ ရိုးရာယဉ်ကျေးမှု့ကို ဖျက်ဆီးတာမဟုတ်ဘဲ နိုင်ငံရေးကြောင့် ဒုံးကတာ ရပ်နားရတာလို့ ဆိုပါသည်။

လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာကျရောက်္မယ့် (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို မင်းအောင်လှိုင် တက်ရောက်္မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *