CDM ဝန်ထမ်းတွေကို ပြည့်စုံအောင် မဖြည့်ဆည်းပေးနိုင်တဲ့အတွက် အားနာပြီးစိတ်မကောင်းဖြစ်ရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော

တော်လှန်ရေးရဲ့ ပထမဆုံးနဲ့ အရေးအကြီးဆုံးထောက်တိုင်တွေဖြစ်တဲ့ CDM တွေနဲ့ပတ်သက်ပြီး တော်လှန်ရေးစကတည်းက အခက်အခဲမျိုးစုံ တောင့်ခံပေးခဲ့ကြတဲ့ CDM ဝန်ထမ်းတွေဟာ အင်မတန် လေးစားစရာကောင်းကြောင်း၊ အဲ့ဒီ CDM ဝန်ထမ်းတွေကို ပြည်စုံအောင် မဖြည့်ဆည်းပေးနိုင်တာတွေအတွက်လည်း အားနာပြီးစိတ်မကောင်းဖြစ်ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

မနေ့ကအောက်တိုဘာ(၁၉)ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပုံမှန်အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

CDM ဝန်ထမ်းတွေကို စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုတွေ၊ ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုတွေ ဖြည့်ဆည်းပေးရန် လိုအပ်ပြီး ဝန်ကြီးဌာနလက်ကိုင်မရှိတဲ့ CDM ဝန်ထမ်းတွေကို ဝန်ကြီးချုပ်ရုံးက စနစ်တကျတာဝန်ယူ ကူညီပံ့ပိုး ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပြီး ဖြစ်တယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါသေးတယ်။

တော်လှန်ရေးကာလမှာ အားသွန်ခွန်စိုက် ကြိုးစားတော်လှန်ခဲ့ကြတဲ့ ပြည်သူတွေအတွက် စဉ်းစားပြီး၊ အခုထက်ပို အားစိုက် ကြိုးပမ်းကြဖို့ NUG အစိုးရအဖွဲ့မှာ ပါဝင်တဲ့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းခဲ့ပါတယ်။

Zawgyi

CDM ဝန်ထမ်းတွေကို ပြည့်စုံအောင် မဖြည့်ဆည်းပေးနိုင်တဲ့အတွက် အားနာပြီးစိတ်မကောင်းဖြစ်ရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော

တော်လှန်ရေးရဲ့ ပထမဆုံးနဲ့ အရေးအကြီးဆုံးထောက်တိုင်တွေဖြစ်တဲ့ CDM တွေနဲ့ပတ်သက်ပြီး တော်လှန်ရေးစကတည်းက အခက်အခဲမျိုးစုံ တောင့်ခံပေးခဲ့ကြတဲ့ CDM ဝန်ထမ်းတွေဟာ အင်မတန် လေးစားစရာကောင်းကြောင်း၊ အဲ့ဒီ CDM ဝန်ထမ်းတွေကို ပြည်စုံအောင် မဖြည့်ဆည်းပေးနိုင်တာတွေအတွက်လည်း အားနာပြီးစိတ်မကောင်းဖြစ်ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

မနေ့ကအောက်တိုဘာ(၁၉)ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပုံမှန်အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

CDM ဝန်ထမ်းတွေကို စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုတွေ၊ ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုတွေ ဖြည့်ဆည်းပေးရန် လိုအပ်ပြီး ဝန်ကြီးဌာနလက်ကိုင်မရှိတဲ့ CDM ဝန်ထမ်းတွေကို ဝန်ကြီးချုပ်ရုံးက စနစ်တကျတာဝန်ယူ ကူညီပံ့ပိုး ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပြီး ဖြစ်တယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါသေးတယ်။

တော်လှန်ရေးကာလမှာ အားသွန်ခွန်စိုက် ကြိုးစားတော်လှန်ခဲ့ကြတဲ့ ပြည်သူတွေအတွက် စဉ်းစားပြီး၊ အခုထက်ပို အားစိုက် ကြိုးပမ်းကြဖို့ NUG အစိုးရအဖွဲ့မှာ ပါ၀င်တဲ့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *