တိုင်းရင်းသား လက်နက်ကိုင်တစ်ယောက် ရင်ဖွင့်ရေးသားထားသည့် မှတ်တမ်းစာ
Unicode:
ပြည်သူတွေ တောင်းတလို့ အားလုံးရဲ့ရှေ့
ငါတို့ ကရင်တွေ မားမားမတ်မတ်
ရပ်တည်ပေးခဲ့တယ် ဆိုပေမယ့် …….
ခင်ဗျားတို့ အမည်ပေးတဲ့ ” သူပုန် ”
အမည်လှလှလေးရဲ့ နောက်ကွယ်မှာ
ကျုပ်တို့ အမျိုးတွေ အိုးမဲ့အိမ်မဲ့လို့ ခုထိ
တောနက်ထဲ ပြေးလွားနေရတုန်းပဲ
ဒါတွေက ပုံပြင်လည်း မဟုတ်
နှစ်ပေါင်း ၇၀ မက ကြာခဲ့ပြီလေ
တောထဲက သူတို့ဘဝလေးတွေကို
စာသင်ကျောင်းက ခေါင်းလောင်းသံလေး
ကြားဖူးစေချင်တယ်…..
အမိုးအကာရှိတဲ့ နွေးထွေးတဲ့ အိမ်လေးထဲ
တခါလောက်တော့ အေးချမ်းစွာ အိပ်စက်ဖူးစေချင်တယ်…..
မိသားစုဆိုတဲ့ ထမင်းဝိုင်းလေး
တစ်ခါလောက်တော့ စုံညီဖူးစေချင်တယ်
ကမ္ဘာပေါ်မှာ တိုးတက်သမျှ အင်တာနက်ဆိုတာ
တကယ်ရှိပါလားလို့ သူတို့လေးတွေကို မြင်ဖူးစေချင်တယ်
တန်းတူအခွင့်အရေးရတဲ့အခါ
မိုဘိုင်းဖုန်းထဲက ကာတွန်းကားလေးတွေကို
ကလေးသဘာဝ တစ်ခါလောက်တော့
ရယ်ရယ်မောမောနဲ့ ကြည့်ဖူးစေချင်တယ်
ဒီအရေးပြီးတဲ့အခါ သူတို့အတွက်
တစ်ခါလောက် ငဲ့ညှာပေးကြည့်ကြပါလား
လူတွေထဲက လူတွေမို့ ချမ်းသာခြင်းတရားတွေ
မရခဲ့တောင်မှ သူတို့လည်း ငြိမ်းချမ်းခြင်းနဲ့
အေးချမ်းမှုတရားကို သိပ်ကို တောင့်တမက္မောကြပါတယ် ဟု ရင်ဖွင့်ရေးသားထားပါသည်။
Zawgyicode:
တိုင်းရင်းသား လက်နက်ကိုင်တစ်ယောက် ရင်ဖွင့်ရေးသားထားသည့် မှတ်တမ်းစာ
ပြည်သူတွေ တောင်းတလို့ အားလုံးရဲ့ရှေ့
ငါတို့ ကရင်တွေ မားမားမတ်မတ်
ရပ်တည်ပေးခဲ့တယ် ဆိုပေမယ့် …….
ခင်ဗျားတို့ အမည်ပေးတဲ့ ” သူပုန် ”
အမည်လှလှလေးရဲ့ နောက်ကွယ်မှာ
ကျုပ်တို့ အမျိုးတွေ အိုးမဲ့အိမ်မဲ့လို့ ခုထိ
တောနက်ထဲ ပြေးလွားနေရတုန်းပဲ
ဒါတွေက ပုံပြင်လည်း မဟုတ်
နှစ်ပေါင်း ၇၀ မက ကြာခဲ့ပြီလေ
တောထဲက သူတို့ဘဝလေးတွေကို
စာသင်ကျောင်းက ခေါင်းလောင်းသံလေး
ကြားဖူးစေချင်တယ်…..
အမိုးအကာရှိတဲ့ နွေးထွေးတဲ့ အိမ်လေးထဲ
တခါလောက်တော့ အေးချမ်းစွာ အိပ်စက်ဖူးစေချင်တယ်…..
မိသားစုဆိုတဲ့ ထမင်းဝိုင်းလေး
တစ်ခါလောက်တော့ စုံညီဖူးစေချင်တယ်
ကမ္ဘာပေါ်မှာ တိုးတက်သမျှ အင်တာနက်ဆိုတာ
တကယ်ရှိပါလားလို့ သူတို့လေးတွေကို မြင်ဖူးစေချင်တယ်
တန်းတူအခွင့်အရေးရတဲ့အခါ
မိုဘိုင်းဖုန်းထဲက ကာတွန်းကားလေးတွေကို
ကလေးသဘာဝ တစ်ခါလောက်တော့
ရယ်ရယ်မောမောနဲ့ ကြည့်ဖူးစေချင်တယ်
ဒီအရေးပြီးတဲ့အခါ သူတို့အတွက်
တစ်ခါလောက် ငဲ့ညှာပေးကြည့်ကြပါလား
လူတွေထဲက လူတွေမို့ ချမ်းသာခြင်းတရားတွေ
မရခဲ့တောင်မှ သူတို့လည်း ငြိမ်းချမ်းခြင်းနဲ့
အေးချမ်းမှုတရားကို သိပ် ကို တောင့်တမက္မောကြပါတယ် ဟု ရင်ဖွင့်ရေးသားထားပါသည်။