တပ်မတော်ကိုချစ်လွန်းလို့ပွဲတွေဦးဆောင်ပြီးပြုလုပ်ခဲ့သည့် ကိုတပ်ချစ် အပစ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့တွင် CDM ဆရာဝန်များအား ရှုတ်ချပွဲကို ဦးဆောင်ခဲ့သည့် စစ်တပ် အမာခံ ထောက်ခံသူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ဦးအောင်သူထွန်းကို အောက်တိုဘာလ ၁၇ ရက် ညနေပိုင်းက ပစ်ခတ်ခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့က ယနေ့ အောက်တိုဘာလ ၁၉ရက်တွင် သတင်း ထုတ်ပြန်သည်။

ကန့်ဘလူမြို့ ၊ အမှတ် (၁) ရပ်ကွက်နေ စစ်ကောင်စီသတင်း‌‌ပေး ဒလန်ဆိုသူ ဦးအောင်သူထွန်းကို ၎င်းသစ်သီးရောင်းနေကျ ရွှေစည်ကြီးဘုရား အနီးတွင် သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၎င်းသည် ရရှိထားသော သေနတ်ဒဏ်ရာဖြင့် အနီးရှိ မြို့မရဲစခန်းသို့ ဝင်ပြေးသွားကြောင်း Kanbalu Undergorund Warriors အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“လောလောဆယ် သိရသလောက်က မသေဘူးလို့ သိရတယ်ဗျ။ ပုန်းနေတာ ဒဏ်ရာ အ‌ခြေအနေတွေ ဘာတွေလည်း စုံစမ်းလို့ မရသေးလို့ မသိရဘူး။ ပစ်တဲ့သူကလည်း လူတွေရှိတဲ့ ကြားမှာ ဝင်ပစ်ပြီး ရဲစခန်းနဲ့ကလည်း တော်တော်နီးတော့ ပြေးခဲ့ရတာ။ ဟိုကလည်း ထိထိချင်း တန်းပြေးတော့ ဘယ်ကိုထိခဲ့လဲ မပြောနိုင်ဘူး ဖြစ်နေတာ”

ဦးအောင်သူထွန်းသည် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM ) ပြုလုပ်သည့် ဆရာဝန်များအား ရှုတ်ချသည့်ပွဲကို ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က ကန့်ဘလူ ကုတင် (၁ဝဝ) ဆေးရုံ ရှေ့တွင် ဦးဆောင် ပြုလုပ်ခဲ့သူဖြစ်သည်။

Zawgyi/

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့တွင် CDM ဆရာဝန်များအား ရှုတ်ချပွဲကို ဦးဆောင်ခဲ့သည့် စစ်တပ် အမာခံ ထောက်ခံသူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ဦးအောင်သူထွန်းကို အောက်တိုဘာလ ၁၇ ရက် ညနေပိုင်းက ပစ်ခတ်ခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့က ယနေ့ အောက်တိုဘာလ ၁၉ရက်တွင် သတင်း ထုတ်ပြန်သည်။

ကန့်ဘလူမြို့ ၊ အမှတ် (၁) ရပ်ကွက်နေ စစ်ကောင်စီသတင်း‌‌ပေး ဒလန်ဆိုသူ ဦးအောင်သူထွန်းကို ၎င်းသစ်သီးရောင်းနေကျ ရွှေစည်ကြီးဘုရား အနီးတွင် သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၎င်းသည် ရရှိထားသော သေနတ်ဒဏ်ရာဖြင့် အနီးရှိ မြို့မရဲစခန်းသို့ ဝင်ပြေးသွားကြောင်း Kanbalu Undergorund Warriors အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“လောလောဆယ် သိရသလောက်က မသေဘူးလို့ သိရတယ်ဗျ။ ပုန်းနေတာ ဒဏ်ရာ အ‌ခြေအနေတွေ ဘာတွေလည်း စုံစမ်းလို့ မရသေးလို့ မသိရဘူး။ ပစ်တဲ့သူကလည်း လူတွေရှိတဲ့ ကြားမှာ ဝင်ပစ်ပြီး ရဲစခန်းနဲ့ကလည်း တော်တော်နီးတော့ ပြေးခဲ့ရတာ။ ဟိုကလည်း ထိထိချင်း တန်းပြေးတော့ ဘယ်ကိုထိခဲ့လဲ မပြောနိုင်ဘူး ဖြစ်နေတာ” ဟုပြောသည်။

ဦးအောင်သူထွန်းသည် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM ) ပြုလုပ်သည့် ဆရာဝန်များအား ရှုတ်ချသည့်ပွဲကို ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က ကန့်ဘလူ ကုတင် (၁ဝဝ) ဆေးရုံ ရှေ့တွင် ဦးဆောင် ပြုလုပ်ခဲ့သူဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *