ယနေ့ ခမရတပ်သားကိုထိုက် ပြည်သူနှင့်အတူပေါင်း CDM ပြုလုပ်လာ

ညီဖြစ်သူကို စစ်တပ်က ပစ်သတ်၍ ခမရ ၅၄၅ မှတပ်သား ကိုထိုက် MNDAA တပ်ဖွဲ့ထံသို့ ပူးပေါင်း၊ MNDAA က သူ့ကို ယုံကြည်ပါက စစ်ကောင်စီတပ်ကို ပြန်တိုက်ရာတွင် ပူး​ပေါင်းမည်ဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် ထိုးစစ်ဆင်တိုက်ခိုက်နေသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၄၅ တပ်ရင်းမှူးအောင်ကိုမြင့်၏ လုံခြုံရေး စနိုက်ပါတပ်သား ကိုထိုက်သည် ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်တွင် ကိုးကန့်

MNDAA တပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ပြီး MNDAA တပ်ဖွဲ့က ၎င်းအား ယုံကြည်ပါက စစ်ကောင်စီတပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း ကိုးကန့်သတင်းရင်းမြစ် The Kokang တွင် ဖော်ပြသည်။

အဆိုပါ တပ်သား ကိုထိုက်သည် ၂၀၁၃ တွင် စစ်တပ်အတွင်း ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ၇ လပိုင်းတွင် ကိုးကန့်ဒေသသို့ ရောက်ရှိလာကြောင်း သိရပြီး ယမန်နေ့တွင် တပ်ရင်းမှူးလုံခြုံရေးယူနေစဉ် အားလပ်ချိန်တွင် ထွက်ပြေးကာ ကိုးကန့် MNDAA တပ်များထံ ခိုလှုံခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သား ကိုထိုက်သည် နွေဦးတော်လှန်ရေးအတွင်း ဆန္ဒပြသည့် ညီဖြစ်သူကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီးနောက်

စစ်ကောင်စီတပ်အတွင်း မနေချင်တော့ကြောင်း၊ အထက်အရာရှိဖြစ်သူများက လက်အောက်ငယ်သားများကို လူလို မဆက်ဆံကြောင်း ကိုးကန့်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကောင်စီတပ်မှ ထွက်ပြေးလာခဲ့သည့် ကိုထိုက်သည် တကယ် တာဝန်ထမ်းဆောင်နိုင်မည် လို့ယုံကြည်ရကြောင်း၊ ကျန်းမာရေး စစ်ဆေးခဲ့ပြီး ကိုဗစ်ရောဂါကာကွယ်ရေးစီမံချက်အရ ကွာရန်တင်း ဝင်ခိုင်းထားကြောင်း MNDAA ရှေ့တန်းအရာရှိအားကိုးကားပြီး The Kokang တွင် ရေးသားဖော်ပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *