Unicode:
ပဲခူးတိုင်း၊ ဝေါမြို့က ချမ်းမြသာစည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ အောက်တိုဘာ ၁၈ ရက်နေ့ ည ၈နာရီ ကျော်က ဗုံးပေါက်ကွဲခဲ့ပါသည်။
ဗုံးပေါက်ကွဲမှုကြောင့် ချမ်းမြသာစည် ရပ်ကွက်ထဲကို လုံခြုံရေးတပ်သားတွေ ဝင်ရောက်လာပြီး သေနတ်တွေနဲ့ ရမ်းသမ်းပစ်ဖောက်ကာ ရပ်ကွက်မှာနေတဲ့ အပြစ်မရှိသူ ၁၀ ဦးကျော်ကို အဓမ္မဖမ်းဆီးသွားကြောင်း သိရပါသည်။
ချမ်းမြသာစည်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ ရပ်ကွက်မှာ နေထိုင်သူတွေကို အနိုင်ကျင်ခိုင်းစေတာ အဓမ္မငွေတောင်းယူတာပြုလုပ်ပြီး နှစ်လုံး၊ သုံးလုံး၊ ကြက်ဝိုင်းနဲ့ အန်ဂလုံဝိုင်းတွေကို ခွင့်ပြုပေးထားပြီး စစ်ကောင်စီ ကို ငွေထောက်ပံ့ပေးနေတာကြောင့် ဗုံးခွဲခံရတာ ဖြစ်ကြောင်းသိရှိရပါသည်။
ဒီဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း ဝေါမြို့အတွင်းမှာရှိတဲ့ ရုံးသုံးရုံးမှာ မပေါက်ကွဲသေးတဲ့ ဗုံးသုံးလုံး တွေ့ရှိခဲ့တယ်လို့ သိရှိရပါသည်။
Zawgyicode:
ဝေါမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်လို့ ဒေသခံ ၁၀ ဦး အဓမ္မဖမ်းဆီးခံရ